Tuesday, November 5, 2013

အဆုံးသတ်လှစေဖို့

အစကောင်းမှ အနှောင်းသေချာ …ဆိုတဲ့မြန်မာဆိုရိုးစကားတခွန်းရှိပါတယ်…အဓိပ္ပါယ်ကတော့ အဆုံးသတ်လှဖို့ အစပျိုးကောင်းရမယ်...ဒါကြောင့်လည်း ကျွန်တော်တို့အားလုံးက ဘာပဲလုပ်လုပ်အစကို တန်ဖိုးထားတယ်…ကျောင်းတက်စအရွယ်ကလေးက ကျောင်းစိမ်းဝတ်စုံအသစ်..လွယ်အိတ်အသစ်..စာအုပ်အသစ် အားလုံးအသစ်နဲ့.. လုပ်ငန်းခွင်အသစ်ကို ၀င်မဲ့သူကလည်း အတွေးအမြင်အသစ်တွေနဲ့တက်ကြွနေ..လက်ထပ်ဖို့ပြင်ဆင်နေတဲ့ ချစ်သူတွေကလည်း..စိတ်ကူးအသ...စ်တွေ..ထူးခြားတဲ့နုရွတဲ့ခံစားချက်အသစ်တွေ အနာဂတ်ကို ပုံဖို့ လန်းဆန်းနေ…အားလုံးက အစ မှာတက်ကြွနေတတ်ပါတယ်..အဲ့ဒီအစအတွက်ကို ငွေအား လူအား အချိန် ရှိသမျှကို သုံးပြီး ဖိဖိစီးစီးလုပ်နေကြတာပါ..ဘာကြောင့် အဲ့ဒီလောက် အစ ကို ဂရုထားနေတာလည်းဆိုတော့ အဆုံးသတ် လှဖို့ပါ….
ဒီနေ့ယုံကြည်သူရဲ့ဝိညာဉ်ရေးရာမှာလည်း အဆုံးသတ်လှဖို့ လိုအပ်တယ်ဆိုတာတွေးမိပါတယ်…ဘုရားသခင်ရှေ့မှာ အဆုံးသတ်လှဖို့..အဆုံးသတ်တင့်တယ်ဖို့..အဆုံးသတ်မှာ သာဓုသစ္စာရှိသောငယ်သားကောင်းဖြစ်ဖို့ တမန်တော်ရှင်ပေတရုက ၁ ပေ၄း ၇ ထဲမှာ ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုပြီဖြစ်သောကြောင့်….၁ သမ္မာသတိရှိနေဖို့ ၂…ဆုတောင်းခြင်းငှါစောင့်နေဖို့..၃ အချင်းချင်းချစ်အားကြီးဖို့..၄..မြည်တမ်းခြင်း မရှိပဲဧည့်သည်ဝတ်ကိုပြုဖို့..၅ ကျေးဇူးတော်ကို ခံစားရသော ကျေးဇူးတော်ဘဏ္ဍာစိုးကဲ့သို့ဝေမျှဖို့…၆ ဘုရားသခင်ဗျာဒိတ်တော်အတိုင်း ဟောပြောဝေငှဖို့…၇ ဘုရားပေးထာတဲ့ အစွမ်းတွေကို အစွမ်းသတ္တိနဲ့ ဆက်ကပ်ဖို့ ဝေငှထားပါတယ်…
ချစ်သောမိတ်ဆွေ happy birthday to you..ကျွန်တော်တို့အစပြုခဲ့သလို တနေ့ကျွန်တော်တို့ရဲ့ အဆုံးမှာလည်း မင်္ဂလာရှိဖို့ နှုတ်ကပတ်တော်က သွန်သင်ထားပါတယ်…ဘုရားသခင်ရှေ့မှာ အဆုံးသတ်လှတဲ့ အသက်တာဖြစ်ဖို့ အခု အချိန်တွေကို တန်ဖိုးထားရအောင်..
ဒေသနာ ၇း ၈ အမှု၏အဆုံးသည် အစထက်သာ ၍ကောင်း၏….ကျွန်တော်တို့ရဲ့ အစ မလှခဲ့ရင်လည်း စိတ်မပျက်ပါနဲ့..အဆုံးမှာ ဘုရားရှေ့မှာ မင်္ဂလာ ရှိဖို့ ပြင်ဆင်ရအောင် အားလုံးအပေါ်မှာ ဒီနှုတ်ကပတ်တော်အားဖြင့် အသစ်သော ခွန်အားရရှိနိုင်ပါစေ
စိုင်းမျိုးမြင့် ကျေးဇူးတော်အသင်းတော်

အသီးအားဖြင့် အပင်၏သဘောကိုသိရ၏

အသီးအားဖြင့် အပင်၏သဘောကိုသိရ၏ (ရှင်မဿဲ၁၂း ၃၃)
မနေ့ညနေက အသင်းသားတယောက်က ကျွန်တော်တို့မိသားစုအတွက် ပဲဇောင်းငါး သီးယူလာပေးပါတယ်….ကျွန်တော်သာမက ဒီအသီးတွေကိုမြင်တဲ့သူတိုင်း အကုန်အံ့သြသွားပါတယ်..ဘာကြောင့်လည်းဆိုတော့ မြေသြဇာလည်း မသုံးပဲနဲ့ အရှည်တတောင်လောက်နီးပါးရှိနေတဲ့ပဲဇောင်းငါးသီးတွေကြောင့်ပါ…အရှည်တတောင်လောက်ရှိပေမဲအံ့သြစရ...ာကောင်း တာက လုံးဝ နုဖတ်နေလို့ပါ…တချို့က မျိုးပေး ပါဆိုပြီး မျိုးတောင်းကြတယ်…ဒီအသီးကို မြင်လိုက်တာနဲ့ ဒီအပင်မျိုးဘယ်လောက်ကောင်းမယ်ဆိုတာ အားလုံးသိကြပါတယ်..ဒီအကြောင်းအရာလေးက ဒီကနေ့ကျွန်တော့်အသက်တာအတွက် ခွန်အားဖြစ်စေမဲ့နှုတ်ကပတ်တော်ဖြစ်ဖို့ ဘုရားသခင်သွန်သင်တယ်လို့ခံစားမိပါတယ်…
တမန်တော်ကြီးရှင်ပေတရုက..၁ပေ ၁း ၂၂ မှာ သင်တို့သည်ဖေါက်ပြန်ပျက်စီးတတ်သသောမျိုးစေ့အားဖြင့်ဖြစ်ဘွားသည်မဟုတ်၊မဖေါက်ပြန်မပျက်စီးတတ်သောမျိုးစေ့ တည်းဟူသောအသက်ရှင်၍အစဉ်အမြဲတည်တော်မူသောဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့်ဖြစ်ဘွားသောကြောင့် ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊အမှန်ချစ်ခြင်းအလိုငှါစိတ်ထဲမှာ သမ္မာတရားကိုနားထောင်လျှက် ကိုယ့်စိတ်နှလုံးကိုစင်ကြယ်စေပြီးသည်နှင့်အညီစင်ကြယ်သောစိတ်နှင့်အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့။
ဒီကနေ့ အမြဲကြားနေရတာက..ရာသီဥတုဖေါက်ပြန်နေပြီ..သဘာဝတရားဖေါက်ပြန်နေပြီ..လူတွေအကျင့်တရားဖေါက်ပြန် နေပြီ…ဆိုတဲ့စကားတွေဖြစ်ပါတယ်…တကယ်လည်း ဖေါက်ပြန်မှုတွေက ကြောက်စရာကောင်းလောက်အောင်ဖြစ်နေပါတယ်…မိသားစုကျင့်ဝတ် တွေဖေါက်ပြန်ကုန်ပြီ..ပျက်စီးကုန်ပြီ..မကြားသင့်တဲ့စကားတွေကို နားယှဉ်နေလောက်အောင်ကိုကြားနေရပါပြီ…ဒီလိုအခြေအနေထဲမှာ အသက်ရှင်နေရတဲ့ကျွန်တော်တို့အတွက် သတိပြုဖို့က …ကျွန်တော်တို့ရဲ့ အစဟာ နှုတ်ကပတ်တော်ဖြစ်တယ်…နှုတ်ကပတ်တော်တည်းဟူသောသခင်ခရစ်တော်က ဘယ်တော့မှမဖေါက်ပြန်နိုင်ပါဘူး…မဖေါက်ပြန်တတ်တဲ့ ခရစ်တော်တည်းဟူသောမျိုးစေ့ကနေ အစပြုခဲ့ပေမဲ့ ဘာကြောင့်ဒီကနေ့ယုံကြည်သူတွေရဲ့အသက်တာ ဖေါက်ပြန်နေရတာလည်း …ခရစ်တော်က မပျက်စီးနိုင်ပေမဲ့ ယုံကြည်သူတွေဘာကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေရတာလည်း..အသီးမလှတော့ အပင်အပြစ်တင်ခံရသလို ကျွန်တော်တို့ မဆင်မခြင်လုပ်လိုက်တဲ့အရာတွေကြောင့် ခရစ်တော်နာမထိခိုက်စရာတွေဖြစ်ခဲ့တာများလှပါပြီ…ဒါကြောင့်ဒီကနေ့ ကျွန်တော်တို့အသက်တာအားဖြင့် ဘုရားဘုန်းတော်ထင်ရှားစေဖို့…ချစ်ယောင်မဆောင်ပါနဲ့.ဟန်ဆောင်ချစ်နေတာ..လိမ်ညာပြီးချစ်နေတာ.မျက်နှာချင်းဆိုင်တုန်းတော့ပြုံးပြပြီး ကျောပေးသွားတဲ့အခါမဲ့ရွဲ့တာမျိုးတွေ စွန့်လွတ်ရအောင်…စိတ်ပျက်စေမဲ့စကား၊လမ်းမှားရောက်စေမဲ့စကား။အမုန်းတွေပွါးများစေမဲ့စကား၊ယုံကြည်ခြင်းပျက်ပြားစေမဲ့ စကား၊ရန်ငြိုးတွေတိုးစေမဲ့စကားတွေကိုဘေးဖယ်ပြီး သမ္မာတရားစကားနားထောင်ရအောင်၊ ကိုယ့်ရဲ့အပြင်ပန်းသန့်ရှင်းဖို့သပ်ရပ်ဖို့သေချာဖို့အတွက် ဂရုစိုက်သလို အရေးအကြီးဆုံးဖြစ်တဲ့ စိတ်နှလုံး ကိုနှုတ်ကပတ်တော်နဲ့ဆေးကြောရအောင်၊ ကျွန်တော်တို့အားဖြင့်ခရစ်တော်ဘုန်းတော်ထင်ရှားစေဖို့ ပြင်ဆင်ရအောင်…. စိုင်းမျိုးမြင့် (ကျေးဇူးတော်အသင်းတော်)

Tuesday, August 13, 2013

သရာ သမူ ( ဂုဏ်တော်ချီးမွမ်းခြင်း)

ဆရာ က ကျွန်တော်တို့အသင်းတော် မှာ တယောသင်တန်းလာပို့ချပေးနေပါတယ်...ဆရာရဲ့ မိခင် အသင်းတော်က တောင်ငူ ပကူးနှစ်ခြင်းအသင်းတော်ကဖြစ်ပါတယ်.... ဘုရားသခင်ကောင်းကြီးပေးထားတဲ့ ဆုကျေးဇူးတွေနဲ့ ကရင် ဓမ္မတေးခွေတွေ ထုတ်ထားပါတယ်...

Monday, July 29, 2013

ဘုရားသခင်၏ အမျက်ကို နိုးဆော်သူ မဖြစ်ပါစေနဲ့ (ယေဇကျေလအနာဂတ္တိကျမ်း ၈ )

သူရွေးကောက်ထားတဲ့ လူမျိုးတော်ကို သူကယ်တင်ခဲ့တဲ့လူမျိုးတော်ကိုဘုရားသခင်က ဘယ်သူကိုမှ မျှဝေပေးဖို့မဖြစ်နိုင်သလို ခရစ်တော်အသက်စွန့်ရွေးချယ်ထားတဲ့ ကျွန်တော်တို့ကိုလည်း ဘုရားသခင်က ဘယ်သူကိုမှ မမျှပေးနိုင်ဘူး...

ကိုဒါးပလယ်စေး သက်သေခံခြင်း

သေးငယ်သောအရာလေးပေမဲ့ အဲ့ဒီသေးငယ်တဲ့အရာလေးကြောင့်ပဲ ဘုရားနဲ့ဝေးကွာသွားစေ နိုင်တယ် ဆိုတာကိုမြင်တွေ့သက်သေခံထားခြင်းဖြစ်ပါတယ်

Tuesday, July 23, 2013

ဘုရားသခင်ဘုန်းတော်ထင်ရှားသောအသက်တာဖြစ်စေဖို့

မယုံကြည်သူတွေ ခရစ်တော်အကြောင်းကို ရှုတ်ချတာ..ကဲ့ရဲ့တာ အပြစ်တင်တာ..လက်မခံနိုင်တာ ကို ကျွန်တော်တို့ အပြစ်သွားပြောဖို့မလိုဘူး...သွားပြောလို့လည်း မရဘူး... ယုံကြည်သူတွေက သာ ယုံကြည်သူလို့ ပြောပြီး ခရစ်တော်နာမကိုရှုတ်ချနေတာ..ကဲ့ရဲ့စရာဖြစ်အောင်ပြုမှုနေထိုင်နေတာကို ဆင်ခြင်ရမှာဖြစ်ပါတယ်..မယုံကြည်သူတွေကြောင့် ခရစ်တော်နာမတော် မထိခိုက်နိုင်ပါဘူး...ယုံကြည်သူ လို့ပြောနေတဲ့သူတွေရဲ့ မယုံကြည်မှုတွေကြောင့်သာ ခရစ်တော်နာမတော် ထိခိုက်နေရတာပါ

Monday, July 22, 2013

ဘုရားသခင်ပြင်ဆင်ပေးသောလက်နက်စုံနှင့် စာတန်ကို အောင်မြင်ခြင်း (နိဂုံး)

ငါတို့ မိသားစုမှာ..ငါတို့ ဇနီးမောင်နှံတွေမှာ၊ငါတို့သားသမီးတွေမှာ ဘာတွေဖြစ်ကုန်ပြီလည်းဆိုတဲ့ မေးခွန်းတွေ ၀မ်းနည်းစရာတွေမဖြစ်ရလေအောင် နှုတ်ကပတ်တော်နဲ့ တည်ဆောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်...ဘုရားသခင်ကောင်းကြီးပေးပါစေ

ဘုရားသခင်ပြင်ဆင်ပေးသော လက်နက်စုံနှင့်သာ စာတန်ကိုအောင်မြင်နိုင်မှာပါ

ခဲယဉ်းဆိုးယုတ်သောကာလ ...တနေ့တခြား လူတွေအတွေးအခေါ်ခေါင်းပါးလာပြီ...ဆင်ခြင်ညာဏ်ခေါင်းပါးလာပြီ..ကိုယ်ကျင့်တရားတွေခေါင်းပါးလာပြီ..စောင့်စည်းသင့်တာတွေခေါင်းပါးလာပြီ...မိသားစု ထဲမှာ..ဖေါက်ပြန်လာပြီ၊ဒီလိုနေ့ရက်တွေမှာ ဘုရားသခင်ပြင်ဆင်ပေးတဲ့ လက်နက်အစုံကိုယူတင်ဝတ်ဆောင်ထားဖို့ တိုက်တွန်းဝေငှလိုက်ပါတယ်...
အားလုံးအပေါ်မှာ ဘုရားသခင်ကောင်းကြီးပေးပါစေ

Wednesday, May 22, 2013

ဖျက်ဆီးတတ်သောသူ မ၀င်နိုင်ဖို့ ခရစ်တော်၏အသွေးတော်ကိုဝန်ခံစို့ ဒုတိယပိုင်း နားဆင်ဖို့ ဒီလင့်(ခ်)လေးကို နှိပ်လိုက်ပါ

ဖျက်ဆီး သောသူ မ၀င်စေဖို့.. ခရစ်တော်၏အသွေးတော်ကို ၀န်ခံစို့ (ပထမ ပိုင်း)


မိတ်ဆွေ .... ဘုရားနဲ့ဆန့်ကျင်ဖက်မှာ ရှိနေတဲ့ သင့်ရဲ့ပညာ ၊ သင့်ရဲ့အစွမ်းအစ ၊ စည်းစိမ် ဘဏ္ဍာတွေဟာ အချည်းနှီးပါ... အမှောင်ထု ဆိုတာ လက်နဲ့စမ်းလို့မရပေမဲ့.. ဘုရားသခင်လုပ်ရင်တော့ သာမည အမှောင်မဟုတ်ပဲ လက်နဲ့စမ်းသပ်လို့ ရတဲ့ အမှောင်ထုကို အဲဂုတ္တု ပြည်သားတွေခံစားလိုက်ရပါတယ်.. ဘုရားနဲ့ဆန့်ကျင်ဖက်မှာရှိနေတဲ့ အဲဂုတ္တုလူတွေ ၃ ရက်တိတိ မှောင်မိုက်ကို လက်နဲ့စမ်းလို့ရတဲ့အထိ နေရာကနေမထ နိုင်အောင်ခံစားနေရချိန်မှာ ... ဘုရားလူတွေဘက်မှာ တော့ လင်းထိန်နေတာကို သင်သတိယလိုက်ပါ

Thursday, May 16, 2013

God is Able (ဘုရားသခင်အရာအားလုံးကို တတ်နိုင်ပါတယ်)


ယနေ့ကျွန်တော်တို့၏ဘုရားသခင်သည် အရာခပ်သိမ်းကိုတတ်စွမ်းနိုင်သောဘုရားရှင်ဖြစ်ပါတယ်..
သေသောသူကို ရှင်စေသောဘုရား
အမိဝမ်းတွင်းက ခြေလက်သေ ၊စွံ့အ နားမကြား.မျက်စိကန်းသူကို ကျန်းမာစေနိုင်သောဘုရား
ကျောက်ထဲက ရေကိုထွက်စေသောဘုရား၊ ပင်လယ်ကိုနှစ်ခြမ်းကွဲလျှက် လူမျိုးတော်ကို လွတ်မြောက်စေသောဘုရား
 ကျွန်တော်တို့အသက်တာကို ချီးမြှောက်လိုသောဘုရား၊ အသစ်သောအသက်တာတွင် ရွှင်လန်းဖို့ ခွန်အားသစ်ကိုပေးနိုင်သောဘုရား ၊ ၀န်ထုပ်များဖြင့်လေးလံနေသောအသက်တာကို သူ၏ချစ်ခြင်မေတ္တာဖြင့် ပေါ့ပါးသွားစေနိုင်သောဘုရား ၊

Wednesday, May 15, 2013

ဆန်းဒေးစကူး ကလေးငယ်များ မိခင်များနေ့တွင် ကျမ်းစာဖတ်၊ဂုဏ်တော်ချီးမွမ်းခြင်း


Sunday School Children On Mother Day

မိခင်များနေ့

Grace Church Group Song On Mothers' Dayhttp://youtu.be/aEDqhZLXNQ8


မိခင်များနေ့မှာ လူငယ်များ ဂုဏ်တော်ချီးမွမ်းနေစဉ်

မိခင်များနေ့မှာ လူငယ်များ ဂုဏ်တော်ချီးမွမ်းနေတာပါ.. မိခင်များ အားလုံးဘုရားသခင်ကောင်းကြီးပေးပါစေ
ဆရာမဖေါရှီး နှုတ်ကပတ်တော်ဆရာမ ဖေါရှီး မိခင်များနေ့တွင်ဝေငှသောနှုတ်ကပတ်တော်


ကျွန်တော်လည်း အကြောင်းကြောင့်ကြောင့် အင်တာနက်မသုံးဖြစ်တာကြာပြီ... ဒီနေ့မှ တရားဟော ချက်တွေ တင်မယ်လို့လုပ်ပြီးတင်ကြည့်တော့ ခါတိုင်းလို တခါတည်း တင်လို့မရဖြစ်နေတယ်..
အခု ဆရာမရဲ့တရားဟောချက်ကို နားထောင်ချင်ရင် ခရမ်းရောင်စာသားလေးကိုနှိပ်လိုက်ပါ...အောက်မှာလင့်ခ် လေးထွက်လာပါလိမ့်မယ်... အဲ့ဒီထွက်လာတဲ့လင့်ခ်ကို နှိပ်လိုက်ပါ youtube မှာ ပေါ်လာပါလိမ့်မယ်


Monday, April 22, 2013

ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏

တစ်ခါတုန်းက တောင်ကုန်းတစ်ခုပေါ်မှာ ဥလေးလုံးပါတဲ့ လင်းယုန်ငှက်သိုက်တစ်ခုရှိခဲ့ပါတယ်။ တစ်ရက်မှာ ငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် အသိုက်ထဲက ဥတစ်လုံးဟာ တောင်ကုန်းအောက်ကို လိမ့်ကြသွားပြီး တောင်ကြားမှာရှိတဲ့ကြက်ခြံထဲကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ ကြက်တွေဟာ အန္တရာယ်ရဲ့အငွေ့အသက်ဖြစ်တဲ့ လင်းယုန်ဥလေးကို ဂရုတစိုက်စောင့်ကြည့်ကြဖို့ သူတို့အချင်းချင်း သတိပေးထားခဲ့ကြတယ်။
ဒီလိုနဲ့ အချိန်တန်တော့ လင်းယုန်ဥထဲကနေပြီး အင်မတန်လှပတဲ့ လင်းယုန်ငယ်လေးတစ်ကောင် ပေါက်ဖွားလာတယ်ဆိုပါတော့။ ဒီလင်းယုန်ငှက်လေးဟာ ကြက်တွေရဲ့ကြားထဲမှာ ပေါက်ဖွားခဲ့ရသူပီပီ သူ့ကိုယ်သူလည်း ကြက်တစ်ကောင်လိုပဲ ပြုမူနေထိုင် လှုပ်ရှားသွားလာတယ်။ တစ်ခါတရံမှာ လင်းယုန်ငှက်ကလေးဟာ သူ့မိဘတွေကို လွမ်းနေပြီး သူ့အိမ်ကို ပြန်ချင်ပေမဲ့ “ သူဟာ ကြက်တစ်ကောင်အဖြစ်ကနေ ပိုပြီး ဘာမှဖြစ်လာနိုင်မှာ မဟုတ်ဘူး ”ဆိုတဲ့ အသိစိတ်တွေနဲ့ပဲ သူ့ရဲ့စိတ်ဓာတ်တွေဟာလည်း တဖြည်းဖြည်း ကျလာခဲ့တယ်။
အဲဒ...ီလို နေလာခဲ့ရင်း တစ်ရက်မှာတော့ လင်းယုန်ငှက်လေးဟာ ကြက်တွေနှင့်အတူ အပြင်ကိုထွက်ပြီး ကစားနေရင်း အမှတ်မထင်ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ပေါ်မှာ ပျံဝဲနေတဲ့ သူနှင့်မျိုးရိုးတူ လင်းယုန်ငှက်တွေကို မြင်သွားတဲ့ အခါမှာတော့ လင်းယုန်ငှက်ကလေးက
“ငါလည်း သူတို့လို ကောင်းကင်ပေါ်မှာ ပျံဝဲချင်လိုက်တာ”
ဆိုပြီး ညည်းတွားလိုက်ပါတယ်။
သူအဲဒီလို ညည်းတွားနေတာကို တွေ့သွားတဲ့ ကြက်တွေက
“မင်း အဲဒီငှက်တွေလို ကောင်းကင်ပေါ်မှာ ပျံလို့မရဘူး…..။ မင်းက… ကြက်တစ်ကောင်အဖြစ်နဲ့ မွေးဖွားလာခဲ့တဲ့ အကောင်ပဲလေ…။ မင်းနှယ်ကွာ…ကြက်တွေ ဘယ်တုန်းကများ ကောင်းကင်မှာ ပျံဝဲနေတာ တွေ့ဖူးလို့လဲ….”
ဆိုပြီး ၀ိုင်းပြောလည်းပြော၊ ဟားလည်း ဟားတိုက်ကြတာပေါ့။
အဲဒီလို ပတ်ဝန်းကျင်ရဲ့ ပြောစကားတွေကြောင့် လင်းယုန်ကလေးရဲ့ သူ့ကိုယ်သူ ကြက်တစ်ကောင်အဖြစ်က မပိုလောက်ပါဘူးဆိုတဲ့ ထင်မြင်ချက်ဟာ ပိုပြီး ခိုင်မာသွားခဲ့သလို သူ့မိဘတွေအပေါ်မှာထားတဲ့ အိပ်မက်လေးဟာလဲ သူ့ရဲ့လက်တွေ့ဘ၀မှာ အကောင်အထည်မဖော်နိုင်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့ပါသတဲ့။ ဒီလိုနဲ့ပဲ လင်းယုန်ကလေးဟာ လင်းယုန်တစ်ကောင်အဖြစ် ကောင်းကင်အပေါ်မှာ ပျံဝဲဖို့ဆိုတဲ့ သူ့ရဲ့အိပ်မက်ကိုမေ့ဖျောက်ပြီး အသက်ထက်ဆုံး ကြက်တစ်ကောင်အဖြစ်နဲ့ပဲ နေထိုင်သွားခဲ့ပါတယ်။
နှုတ်ကပတ်တော်သမ္မကျမ်းစာထဲမှာ ယုံကြည်ခြင်းဆိုတာ ကြားနာခြင်းကနေ အရင်လာတယ်...ဒီနေ့ကျွန်တော်တို့အသက်တာ ဘုရားစကားကိုများများနားထောင်ရင် ဘုရားသခင်ရဲ့အကြံအစည်တော်နဲ့ ရည်ရွှယ်ချက်တွေကိုသိမြင်လာမယ်...ဘုရားသခင်က ကျွန်တော်တို့ကို အဓိပ္ပါယ်မဲ့စွာနဲ့ဖန်ဆင်းထားတာ မဟုတ်ပါဘူး.. ကျွန်တော်တို့ကိုအဓိပ္ပါယ်မဲ့သွားအောင် လမ်းလွဲသွားအောင် ဆုံးရှုံးသွားအောင်လုပ်နေတာက စာတန် ပဲဖြစ်တယ်.. ကျွန်တော်တို့ နားထဲကနေ အသိထဲ နှလုံးသားထဲကို သံသယစိတ်တွေ တွေဝေစိတ်တွေ. အရှုံးပေးချင်စိတ်တွေ ပေးနေတာ စာတန်ပဲဖြစ်တယ်... မိတ်ဆွေ ဘုရားစကားကို နားထောင်ဖို့ ခံယူဖို့အချိန်ပေးလိုက်ပါ  .... ဘုရားသခင်ရဲ့အလိုတော်နဲ့အညီ လောကရဲ့အလင်း လောကရဲ့ဆား အဖြစ်နဲ့အသက်ရှင်ရအောင်
ကျနော်တို့ရဲ့ လက်တွေ့ဘ၀မှာလဲ မြင့်မားစွာ ပျံသန်းဖို့ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်တွေ၊ လက်ရှိရောက်နေတဲ့အဆင့်ထက် ပိုပြီးမြင့်မားအောင် ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ၊ Rites and Rituals တွေရဲ့ အောက်ကနေ ရုန်းထွက်ချင်တဲ့ စိတ်ဓာတ်တွေ ကိုယ်စီရှိကြပါလိမ့်မယ်။ ဒါပေမဲ့ လင်းယုန်ငှက်ကလေးဟာ သူများစကားနဲ့ လမ်းဆုံးသွားရသလိုမျိုး ကျနော်တို့ရဲ့ နေ့စဉ်ဘ၀မှာလည်း အစဉ်အလာဓလေ့ထုံးစံတွေ၊ ကိုယ့်ကျင်လည်ရာ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေ၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် နောက်ဆုံးတော့ သူတပါးစကားလုံးတွေ အောက်မှာပဲ လမ်းဆုံးသွားကြတဲ့ အဖြစ်အပျက်တွေလည်း မျက်မှောက်အနေအထားမှာ ဒုနဲ့ဒေးပင်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရှေ့ကအဖြစ်အပျက်တွေ၊ မှတ်သားစရာ သာဓကတွေကို နမူနာယူကာ ကိုယ့်အတွက် ရသင့်ရထိုက်တဲ့အရည်အချင်း၊ ရပိုင်ခွင့်တွေကို လက်မလွှတ်စတမ်း အသုံးချနိုင်ပြီး ကိုယ့်မှာရှိနေတဲ့ အမြင့်ပျံစိတ်ဓာတ်တွေ မွေးဖွားနိုင်ကြပါစေလို့…….။

ငါးမိနစ်လောက် အချိန်ပေးပြီးဖတ်ကြည့်လိုက်ပါ

5မီနစ်လောက် အချိန်ပေးပြီး ဖတ်ကြည့်လိုက်ပါ...။
 
အမေ့လက်များ

လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ ပထမ အင်တာဗျူး ဖြေဆိုအောင်မြင်သွားတာကြောင့် အခုဆို နောက်ဆုံးအဆင့် အင်တာဗျူးအတွက် ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။


ဒါရိုက်တာလုပ်သူက လူငယ်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ကြည့်လိုက်တဲ့အခါ ပညာရေးအဆင့် အောင်မြင်မှုမှာ ထိပ်တန်းဖြစ်နေတာကို တွေ့ရပါတယ်။ ဒါနဲ့ လူငယ်ကို
“ ညီလေး ကျောင်းမှာ ပညာသင်ဆု မလျှောက်ခဲ့ဘူးလား ” လို့မေးပါတယ်။
“ မလျှောက်ခဲ့ဘူးဗျ ”
“ ဒါဆို ကျောင်းစရိတ်တွေကို ညီလေးအဖေက တော်တော်ထောက်ပံ့ပေးခဲ့ရမှာပေါ့ ”
လူငယ်ခေါင်းခါပါတယ်။
“မဟုတ်ဘူးဗျ။ ကျနော်အဖေက ကျနော် တစ်နှစ်သားလောက်မှာ ဆုံးသွားတာ။ ကျနော့် ကျောင်းစရိတ်တွေ ထောက်ပံ့ပေးခဲ့တာ ကျနော့်အမေပါ ”
“ ဒါဆို ညီလေးအမေက ဘာအလုပ်လုပ်တာလဲ ”
“ အမေက ခ၀ါသည်ပါ ”

လူငယ်ရဲ့အဖြေကိုကြားတော့ ဒါရိုက်တာဟာ လူငယ်ရဲ့လက်ကို သူ့အားခဏပြဖို့ တောင်းဆိုပါတယ်။ လူငယ်ဟာ ဒါရိုက်တာရဲ့ တောင်းဆိုမှုကို လက်ခံပြီး သူ့လက်တွေကို ဖြန့်ပြလိုက်တဲ့အခါမှာတော့ သိပ်ကိုနူးညံ့ချောမွေ့ပြီး လှပတဲ့ လက်တစ်စုံ ဖြစ်နေပါတယ်။
“ ညီလေး အမေ အ၀တ်တွေလျှော်တဲ့အခါ ညီလေး ကူလျှော်ပေးခဲ့ဖူးလား ”
“ ဟင့်အင်း... ကျနော် ဘယ်တော့မှ မလျှော်ပေးခဲ့ရပါဘူး..ဘာဖြစ်လို့လဲဆိုတော့ အမေက ကျနော့်ကို စာပဲ ကြိုးစားခိုင်းခဲ့တာ... ပြီးတော့ အမေအ၀တ်လျှော်တာ ကျနော့်ထက်ပိုမြန်တယ်လေ ”
“ သြော်... ဒါဆို အစ်ကို တစ်ခုလောက် တောင်းဆိုစရာရှိတယ်... ညီလေး အိမ်ပြန်ရောက်တဲ့အခါ အမေ့ဆီ သွားပြီး သူ့လက်တွေကို ဆေးကြောပေးနိုင်မလား... ပြီးရင် မနက်ဖြန် အစ်ကို့ကို ပြန်လာတွေ့ပါ ”
ို
လူငယ်ဟာ သူအလုပ်ရဖို့ ဒီအခွင့်အရေးဟာ အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒီတော့ သူအိမ်ပြန်ရောက်တဲ့အခါမှာ မိခင်ဆီသွားပြီး မိခင်ရဲ့လက်တွေ ဆေးကြောပေးချင်ကြောင်း ခွင့်တောင်းပါတယ်။ မိခင်လုပ်သူက သားရဲ့စကားဆန်းတွေကြောင့် အြံ့သ၀မ်းသာသွားပါတယ်။ စိတ်ခံစားမှုတွေ ရောပြွန်းနေရင်းနဲ့ သူမရဲ့လက်တွေကို သားရှေ့မှာ ထုတ်လိုက်ပါတယ်။

လူငယ်က မိခင်ရဲ့လက်တွေကို ဖြေးဖြေးချင်း ဆေးကြောပါပြီ။ အဲဒီအခိုက်မှာ သူ့မျက်ရည်တွေ စီးကျလို့လာပါတယ်။ မိခင်ရဲ့လက်တွေဟာ ဇရာကြောင့် တွန့်ရှုံ့ပျော့တွဲနေပြီး ဒဏ်ရာတွေ တော်တော်များများရှိနေတာကို ပထမဆုံးအကြိမ်အဖြစ် သူသတိထားမိသွားပါတယ်။ တချို့ဒဏ်ရာတွေဆို သူထိလိုက်တာနဲ့ မိခင်က တွန့်ခနဲ ဖြစ် ဖြစ် သွားတဲ့အထိ နာကျင်နေတာဖြစ်ပါတယ်။

ဒီလက်တွေဟာ သူ့ကျောင်းစရိတ်တွေကို ပေးချေနိုင်ဖို့ နိစ္စဓူဝ အ၀တ်တွေလျှော်လာခဲ့တဲ့ လက်တစ်စုံပါလားဆိုတဲ့အသိကို သူခံစားမိတာ ဒါ ပထမဦးဆုံးပါပဲ။ မိခင်ရဲ့လက်က ဒဏ်ရာတွေဟာ သူ့ပညာရေးအတွက် သူ့ကျောင်းကိစ္စတွေအတွက် သူ့အနာဂတ်အတွက် လဲလှယ်ပေးဆပ်ခဲ့ရတဲ့ အဖိုးအခတွေပါပဲ။

လူငယ်ဟာ မိခင်ရဲ့လက်တွေကို ဆေးကြောပြီးတဲ့နောက်မှာ မိခင်လျှော်ဖို့ရှိနေတဲ့ အ၀တ်တွေအားလုံးကို နှုတ်ဆိတ်ငြိမ်သက်စွာ လျှော်ဖွတ်ပေးခဲ့ပါတယ်။

အဲဒီညမှာ သားအမိနှစ်ယောက် စကားလက်ဆုံကျရင်း အချိန်အတော်ကြာသွားပါတယ်။

နောက်တစ်နေ့မနက်မှာတော့ လူငယ်ဟာ ဒါရိုက်တာရုံးခန်းဆီ သွားပါတယ်။

ဒါရိုက်တာက
“ ညီလေး မနေ့က အိမ်မှာဘာတွေလုပ်ပြီး ဘာတွေသင်ယူခဲ့လဲဆိုတာ ပြောပြနိုင်မလား ” လို့ မေးတဲ့အခါ လူငယ်ရဲ့မျက်ဝန်းမှာ မျက်ရည်စတွေ တွဲခိုလို့နေပါတယ်။

“ အခုတော့ ဘယ်အရာကို တန်ဖိုးထား ကျေးဇူးတင်ရမယ်ဆိုတာ ကျနော်သိသွားပါပြီ... ကျနော့်အမေ မရှိဘဲနဲ့ ဒီကနေ့ ကျနော်ဆိုတာဖြစ်လာမှာမဟုတ်ပါဘူး... တစုံတရာ ပြီးမြောက်အောင်မြင်ဖို့ ဘယ်လောက်ထိ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ ကျနော့်အမေကို ကူညီရင်း အခုမှသိရတာပါ.... မိသားစုကို ကူညီထောက်ပံ့ခြင်းရဲ့ အရေးကြီးမှုနဲ့ အဖိုးအခကြီးမှုတွေကိုလည်း တန်ဖိုးထားသိမြင်လာရပါတယ် ”

လူငယ်ရဲ့အဖြေမှာ ဒါရိုက်တာက နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ပါတယ်။
“ ဒါဟာ အစ်ကိုလိုချင်တဲ့ မန်နေဂျာမှာရှိရမယ့် စိတ်နေသဘောထားပါပဲ... အစ်ကို အလုပ်ခန့်ချင်တာက တခြားလူတွေရဲ့ အကူအညီကို တန်ဖိုးထားတတ်တဲ့ လူမျိုး၊ အလုပ်ကိစ္စတွေ ပြီးမြောက်ဖို့ တခြားလူတွေရဲ့ အခက်အခဲကိုလည်း မြင်အောင်ကြည့်တတ်တဲ့
လူမျိုး၊ ငွေကို ဘ၀ရဲ့ပန်းတိုင်လို သဘောမထားတတ်တဲ့လူမျိုးပါ... ညီလေးကို အလုပ်ခန့်လိုက်ပါပြီ ”

လူငယ် အလုပ်ရသွားပြီး အလုပ်ကိုလည်း အင်မတန်ကြိုးစားခဲ့ပါတယ်။ သူနဲ့တွဲဖက်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှုကိုလည်း ရရှိခဲ့ပါတယ်။ လူငယ်ရဲ့ ၀န်ထမ်းတွေအားလုံးကလည်း စည်းလုံးတဲ့အဖွဲ့တစ်ဖွဲ့အဖြစ် အလုပ်ကို ၀ီရီယထား ကြိုးစားကြတယ်။ ရလဒ်အဖြစ် ကုမ္ပဏီရဲ့တိုးတက်မှုတွေဟာ အံ့မခန်းဖြစ်လာတော့တာပါပဲ။

ဖြစ်ရပ်ကလေးက ဒါပါပဲ။

ဘာပဲလိုလို အမြဲတမ်းရပြီး အလိုလိုက် အကာအကွယ်ပေးခံနေရတဲ့ ကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဗဟိုပြုစဉ်းစားတဲ့ အတ္တစိတ်တွေ ဖွံ့ဖြိုးလာတတ်တယ်။ သူ့ကိုယ်သူ အမြဲရှေ့တန်းတင်လာတတ်တယ်။ သူ့နောက်ကနေ ထောက်ပံ့နေတဲ့ မိသားစုရဲ့ ကြိုးစားအားထုတ်မှုတွေကို မျက်ကွယ်ပြုလာတတ်တယ်။ သူအလုပ်လုပ်တဲ့အခါ သူ့စကားကို အမြဲတမ်းနားထောင်ရမယ်ဆိုတာမျိုး ဖြစ်လာတတ်တယ်။ သူ မန်နေဂျာဖြစ်လာတဲ့အခါ သူ့လက်အောက်ဝန်ထမ်းတွေရဲ့ အခက်အခဲ ဒုက္ခတွေကို စာနာ နားလည်ပေးလိမ့်မှာ မဟုတ်ဘဲ အမြဲတမ်း ဆူပူကြိမ်းမောင်းနေပါလိမ့်မယ်။ အဲဒီလို လူမျိုးတွေဟာ ပညာရေးအရတော့ ထူးချွန်ကောင်း ထူးချွန်ကြပါလိမ့်မယ်။ ဘ၀မှာ ခဏတဖြုတ် အောင်မြင်ကောင်း အောင်မြင်နိုင်ကြလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အောင်မြင်မှုရဲ့ အဓိပ္ပါယ်ကို ခံစားနားလည်ရမှာ မဟုတ်ပါဘူး။ သူတို့ဟာ ပိုမိုတဲ့ လိုချင်မှုတွေအတွက် မကျေမနပ်နဲ့ မြည်တွန်းတောက်တီးနေကြမယ်။ အမုန်းတရားတွေနဲ့ ဖုံးလွှမ်းနေကြမယ်။ ကတောက်ကဆ စကားများရန်ဖြစ်နေကြမယ်။ ကဲ ဒီလိုဆို ကျနော်တို့ဟာ ကလေးတွေကို စိတ်တိုင်းကျ အလိုလိုက်ပြီး အမြဲကာကွယ်ပေးနေတတ်တဲ့ မိဘတွေဖြစ်နေရင် ဒါဟာ သူတို့ကို တကယ်ချစ်ရာရောက်သလား.... ဒါမှမဟုတ် အဲဒီအစား ကိုယ့်ကလေးကိုယ် ဖျက်ဆီးနေကြတာများလား ? ? ?

သင်ဟာ သင့်ကလေးကို အိမ်ကောင်းရာကောင်းနဲ့ နေခွင့်ပြုနိုင်တယ်။ စားကောင်းသောက်ဖွယ်တွေ ကျွေးနိုင်တယ်။ စန္ဒရားတီးတတ်အောင် သင်ပေးနိုင်တယ်။ ကြီးမားတဲ့ ဖန်သားပြင်ရှိတဲ့ ရုပ်မြင်သံကြားစက်တွေကြည့်ခိုင်းနိုင်တယ်။ ဒါပေမဲ့ သင့်အိမ်ခြံဝင်းထဲက မြက်တွေ ရိတ်ဖြတ်တဲ့အခါ သူတို့ကိုလည်း အဲဒီအတွေ့အကြုံနဲ့ ထိတွေ့ခွင့်ပေးပါ။ ထမင်းစားပြီးတဲ့အခါမှာ စားပြီးသား အိုးခွက်ပန်ကန်းတွေဆေးဖို့ သူတို့အစ်ကိုအစ်မတွေနဲ့အတူ ၀ိုင်းဝန်းလုပ်ခွင့်ပေးပါ။ ဒါက အိမ်ဖော်ငှားဖို့ ပိုက်ဆံမရှိလို့ ဒီလိုလုပ်ရတာမဟုတ်ပါဘူး။ သင်က သူတို့ကို သင့်မြတ် မှန်ကန်တဲ့နည်းနဲ့ ချစ်ရာရောက်အောင်လို့ပါ။ မိဘတွေ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ.. တစ်နေ့မှာ အထက်ပါ ဖြစ်ရပ်ထဲက မိခင်လိုပဲ မိဘတွေဟာ ဆံပင်တွေဖြူ အိုမင်းရင့်ရော်သွားမယ်ဆိုတာ သင့်ကလေးတွေကို နားလည်စေရပါမယ်။ အရေးကြီးဆုံးကတော့ စွန့်လွှတ်ပေးဆပ်ရမှုတွေကို ဘယ်လိုတန်ဖိုးထားရမယ်... အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားရမယ်... ပြီးတော့ အရာကိစ္စတွေ ပြီးမြောက်အောင်မြင်ဖို့ အခြားလူတွေနဲ့ တွဲဖက်လုပ်ကိုင်တဲ့အခါ လိုအပ်တဲ့စွမ်းရည်တွေကို သင့်ကလေး သင်ယူတတ်မြောက်ဖို့ပါပဲ။

ဘ၀ ဆိုတာ ဘုရားပေးတဲ့ ကော်ဖီခွက်ကလေးပါ

တစ်နေ့ တော့ လုပ်ငန်းခွင်အသီးသီးမှာ အောင်မြင်နေပြီဖြစ်တဲ့ ကျောင်းသားဟောင်းတစ်စုဟာ သူတို့     ရဲ့ ပါမောက္ခဟောင်းဆီကို အလည်သွားကြတယ်။ စကားတွေအများကြီးပြောနေရင်းနဲ့  သူတို့ ရဲ့ စကားက လုပ်ငန်းခွင်က စိတ်ဖိစီးမှုအကြောင်းတွေ ဘ၀အကြောင်းတွေ ဆီကို ရောက်သွားတယ်။
ပါမောက္ခကြီးကလည်း သူ့ တပည့်တွေကို ကော်ဖီနဲ့  ဧည့်ဝတ်ပြုဖို့ အတွက် မီးဖိုချောင်ကို ၀င်သွားတယ်။ ပါမောက္ခကြီး မီးဖိုချောင်ကနေ ပြန်ထွက်လာတဲ့အခါမှာတော့ ကော်ဖီအိုးကြီးတစ်အိုးနဲ့  သောက်စရာခွက်တွေကိုယူလာတယ်။ ကြွေခွက်၊ ဖန်ခွက်၊ ပလတ်စတစ်ခွက်၊ သလင်းခွက်၊ တန်ဖိုးကြီးခွက်၊ ရိုးရိုးခွက်၊ ရှေးဟောင်းခွက် စသဖြင့် ခွက်အစုံယူလာပြီးတော့ ကော်ဖီယူသောက်ကြဖို့ ဧည့်ဝတ်ပြုတယ်။
ပါမောက္ခကြီးက သ...ူ့ ရဲ့  တပည့်ဟောင်းတွေရဲ့ လက်ထဲကို ကော်ဖီခွက်ရောက်သွားတာနဲ့  မင်း             တို့ တွေသတိထားမိလား၊ ခွက်အကောင်းစားတွေ၊ တန်ဖိုးကြီးခွက်တွေကိုပဲ ယူကြပြီး တန်ဖိုးနည်းတဲ့ ရိုးရိုးခွက်တွေကတော့ ကျန်ခဲ့တာကိုလေ။ ကိုယ့်အတွက်ကိုပဲ အကောင်းဆုံးကို လိုချင်တဲ့သဘာဝက မင်းတို့ တွေရဲ့  ပြဿနာနဲ့ စိတ်ဖိစည်းမှုရဲ့  ဇစ်မြစ်ပဲ။
ဒီခွက်တွေက မင်းတို့ သောက်နေတဲ့ကော်ဖီကို ပိုပြီးကောင်းအောင်လုပ်ပေးနေတာ မဟုတ်ဘူးဆိုတာကို သေချာမှတ်ထားပါ။ ဒီတန်ဖိုးကြီးတဲ့ ခွက်တွေက ကိုယ်ဘာကို သောက်နေလဲဆိုတာကိုတောင် ပိုပြီးမေ့လျော့စေတယ်။ မင်းတို့ တွေအတွက် လိုအပ်တာက ကော်ဖီပါ။ ခွက်တွေမဟုတ်ပါဘူး။ ဒါပေမယ့် မင်းတို့ တွေက အကောင်းဆုံးသော ခွက်ကိုမှ ရွေးချယ်ခဲ့ကြတယ်။ ပြီးတော့ သူများက ဘာခွက်             နဲ့ များသောက်နေမလဲဆိုပြီးတော့ လိုက်ကြည့်နေကြတယ်။
မင်းတို့ တွေတွေးကြည့်လိုက်ပါ။ ဘ၀ဆိုတာ ကော်ဖီတစ်ခွက်လိုပါပဲ။ မင်းတို့ ရဲ့ အလုပ်အကိုင်တွေ၊ ပတ်   ၀န်းကျင်တွေ၊ ငွေတွေ၊ ရာထူးတွေက ခွက်တွေပဲ။ အဲဒီအရာတွေက ဒီဘ၀ကို ပံ့ပိုးပေးတာတွေပဲ။ ဒါပေမယ့် ဘယ်ခွက်နဲ့ သောက်နေတာက မင်းတို့ ဘ၀ရဲ့ အနှစ်သာရကို ပြောင်းလဲပေးနိုင်တာမဟုတ်ပါဘူး။
တစ်ခါတစ်လေမှာ ကော်ဖီခွက်ကိုပဲ အာရုံစိုက်နေတဲ့အတွက် ငါတို့ တွေဟာ ဘုရားပေးတဲ့ကော်ဖီအရသာကို ခံစားဖို့ အတွက် မေ့လျော့နေတတ်တယ်။ ဘုရားပေးတာက ကော်ဖီပါ။ ခွက်တွေကိုမဟုတ်ပါဘူး။ ကဲ ကော်ဖီအရသာကို ခံစားလိုက်ကြပါစို့ ။
အပျော်ရွှင်ဆုံးလူတွေဆီမှာ အကောင်းဆုံးတွေချည်းပဲ ရှိနေတာမဟုတ်ပါဘူး။ ရှိတဲ့အရာအားလုံးကို အကောင်းဆုံးလုပ်ဆောင်နေခြင်းသာဖြစ်တယ်။
ရိုးရိုးလေးအသက်ရှင်ပါ။ ရက်ရောတဲ့ မေတ္တာစိတ်ထားပါ။ လေးလေးနက်နက် ဂရုထားပါ။ ချိုချိုသာသာ ပြောဆိုဆက်ဆံပါ။ ကျန်တဲ့ဘ၀တခုလုံးကိုတော့ ဘုရားရှင်လက်ထဲကို အပ်နှံပါ။

 

Sunday, April 21, 2013

ကြာတော့ကြာခဲ့ပါပြီ..ဒါပေမဲ့ မနေ့တနေ့ကလိုပြန်အမှတ်ယမိတယ်

ဘုရားသခင်သည် အချိန်တိုင်းမှာကောင်းမြတ်ပါတယ်.. လွန်ခဲ့တဲ့အချိန်မှာလည်းကောင်းမြတ်တယ် ဒီကနေ့လည်းကောင်းမြတ်တယ်.. မနက်ဖြန်တိုင်းမှာလည်း ကောင်းမြတ်သောဘုရားရှင်ဖြစ်ပါတယ်

အသက်ရှင်သော နှုတ်ကပတ်တော်

ခရစ်တော်အားဖြင့်သာ ကျေးဇူးတော်ကို ရေတွက်နိုင်လာ ရွှင်လန်းဝမ်းမြောက်ခြင်းတွေနဲ့ တနေ့ကိုယ်တော်ထံ တိုးဝင်မှာ အရာခပ်သိမ်းမှာ ကိုယ်တော်ဘုရား၏ကျေးဇူးတော်သက်သက်သာ

Saturday, April 20, 2013

သင့်နှင့်ကျွန်ုပ်ကို အသက်ပေးပြီးချစ်နိုင်တာ ယေရှုခရစ်တော်ပါ

အပြစ်ကင်းလို့ချစ်တာမဟုတ်ပါဘူး...အပြစ်ရှိမှန်းသိရက်နဲ့ ချစ်ခဲ့တာပါ
အားနည်းချက်တွေကင်းလို့ ချစ်ခဲ့တာမဟုတ်ပါဘူး... အားနည်းချက်တွေများစွာရှိမှန်းသိရက်နဲ့ ချစ်ခဲ့တာပါ
ယုံကြည်ခြင်းအားကြီးလို့ချစ်ခဲ့တာမဟုတ်ပါဘူး.. တစက်ကလေးမှ ယုံကြည်မှုမရှိမှန်းသိရက်နဲ့ချစ်ခဲ့တာပါ
ပေးလှူနေလို့ချစ်တာမဟုတ်ပါဘူး.. မလှူခင်ကတည်းက ချစ်ခဲ့တာပါ
အသက်ပေးပြီးချစ်ခဲ့တာပါ.. အသွေးသွန်းပြီးချစ်ခဲ့တာပါ...

Friday, April 12, 2013

သမီးငယ် မူးဝါးဆဲ ဂုဏ်တော်ချီးမွမ်းနေခြင်း

သမီးငယ် မူးဝါးဆဲ ဂုဏ်တော်ချီးမွမ်းနေခြင်းဖြစ်ပါတယ်...

Thursday, April 11, 2013

သင်ထမ်းရသော ကားတိုင်လေးသလား

 သခင်ခရစ်တော်က ကိုယ်ပိုင်လက်ဝါးကားတိုင်ထမ်းပြီး ငါ့နောက်သို့လိုက်ပါလို့ သွန်သင်ထားပါတယ်...
ကားတိုင်ဆိုတာ ဒီနေရာမှာ တာဝန်ဖြစ်တယ်..ဒီတာဝန်ဟာ အသက်နဲ့အမျှအရေးကြီးသော တာဝန် ဖြစ်တယ်..ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းကို ခံစားရသောယုံကြည်သူတိုင်းဟာ တာဝန်ရှိပါတယ်...ဒီနေ့ အထက်ပါဇတ်လမ်းလေးကို ကြည့်ပြီး သင့်အသက်တာကို တည်ဆောက်လိုက်ပါ

Monday, April 8, 2013

ကျေးဇူးတော်၌တည်သောအသင်းတော်

အသင်းတော်ဆိုတာ ဘုရားဘုန်းတော်ထင်ရှားဖို့ပါ..
အသင်းတော်ရဲ့တာဝန်က လောကီသားတွေကိုဘုရားမေတ္တာဝေငှဖို့ဖြစ်သလို၊
 အသင်းသူ/အသင်းသားများရဲ့ဝိညာဉ်ရေးရာရင့်ကျက်ဖို့
 သွန်သင်ပေးခြင်းနဲ့အရေးအကြီးဆုံးကတော့ အသင်းတော်ဆိုတာ
ထာဝရဘုရားကိုဝတ်ပြုချီးမွမ်းကိုးကွယ်ရာလည်းဖြစ်ပါတယ်.

Friday, April 5, 2013

အီစတာနေ့လူငယ်များချီးမွမ်းစဉ်

အီစတာ ဆန်းဒေး နေ့က လူငယ်များ ချီးမွမ်းခဲ့သော သီချင်းဖြစ်ပါတယ်
ဒီကနေ့ကျွန်တော်တို့ကိုးကွယ်သော ခရစ်တော်သည် သေခြင်းကိုအောင်မြင်သောကြောင့်ဘုရားဖြစ်သွားခြင်းမဟုတ်ပါ
ဘုရားစင်စစ် ဖြစ်သောကြောင့် သေခြင်းကိုအောင်မြင်ခြင်းတာဖြစ်ပါတယ်
ခရစ်တော်က ဘုရားဖြစ်ဖို့ကျင့်ခဲ့သောပုဂ္ဂိုလ်မဟုတ်ပါ.. ကျင့်စဉ်အောင်မြင်လို့ ဘုရားဖြစ်သွားခြင်းမဟုတ်ပါ
ကနဦးကပင် ဘုရားဖြစ်သောကြောင့် ကျင့်စရာမလိုအောင် စုံလင်ခြင်းနှင့်ပြည့်ဝသောအရှင်ဖြစ်ပါတယ် ထိုအရှင်သည် ထာဝရဘုန်းကြီးသောဘုရားရှင်ဖြစ်ပါတယ် (အာမင်)

Rev.Dr David Shin sermon

ဆရာကြီး ဒေါက်တာ ဦးဒေးဗစ်ရှင်းက ထိုင်းနိုင်ငံအတွင်းရှိ ကျေးဇူးတော်သာသနာ မြန်မာအသင်းတော်များကို ဘုရားသခင်ပေးသောရူပါရုံအားဖြင့်အစပြုတည်ခဲ့သော ကိုးရီးယားလူမျိုးသာသနာပြုဆရာဖြစ်ပါတယ်.. ယနေ့ထိုင်းနိုင်ငံအတွင်းကျေးဇူးတော်သာသနာ၏ ကျေးဇူးတော်အသင်းတော်များ သည် (၃၆)ပါးရှိပါသည်။ ထိုအထဲတွင်ချင်းရိုင်းအသင်းတော်လည်း တပါးအပါအ၀င်ဖြစ်ပါသည်။

Tuesday, March 26, 2013

အဆိုးအားဖြင့် အရှုံးမခံပါနှင့်အကောင်းအားဖြင့်အဆိုးကိုနိုင်ကြပါစို့

အနှုတ်လက္ခဏာနှင့်အသက်ရှင်သောအသက်တာထက် ခရစ်တော်နှင့်အတူ အောင်မြင်သောအသက်တာကို ပိုင်ဆိုင်ဖို့ဖြစ်ပါတယ်

Monday, March 25, 2013

သံလွင်ခက် တနင်္ဂနွေ ဒေသနာ ( သခင်အလိုရှိတယ်)

ဒီကနေ့ သင့်အသက်တာကို သခင်အလိုရှိတယ် ဆိုတာမမေ့ပါနဲ့ ... ဘုရားသခင် အုပ်စိုးတဲ့အသက်တာဖြစ်စေပြီး ဘုရားဘုန်းတော်ထင်ရှားစေဖို့ ဆက်ကပ်ရအောင်

Monday, March 11, 2013

ဆရာဒေးဗစ်လား ဝေငှသော နှုတ်ကပတ်တော်ဖြစ်ပါတယ်

ကျေးဇူးတော်အသင်းတော် (ချင်းရိုင်း) မှာ ရောက်လာပြီးဝေငှခဲ့သော နှုတ်ကပတ်တော်ဖြစ်ပါတယ်.. အားလုံးခွန်အားရမယ်လို့မျော်လင့်ပါတယ်

Saturday, March 9, 2013

တရားဒေသနာနှုတ်ကပတ်တော် (အသံဖိုင်)

သင်သည်ကျေးဇူးတော်ကိုခံစားရသောသူဖြစ်ပါတယ်... ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အမှီပြုလျှက် အောင် မြင်သောယုံကြည်သူဖြစ်ကြပါစို့....

Friday, March 8, 2013

သန့်ရှင်းသောလက်ထပ်ခြင်းဖြင့် အိမ်ထောင်ကိုအစပြုပါ

ဒီကနေ့ခေတ်ကာလ မှာ အထူးသဖြင့်လူငယ်များအိမ်ထောင်ပြုရာတွင် သန့်ရှင်းသောလက်ထပ်ခြင်းကို သိပ်အလေးမထားတော့တာကိုတွေ့ရပါတယ်... ဘုရားသခင်ကိုယ်တော်တိုင် အာဒံနှင့်ဧ၀ ကိုဧဒင်ဥယျဉ်အလယ်မှာ လက်ထပ်ပေးခဲ့တာကို သတိပြုစေချင်ပါတယ်.. ဘုရားသခင်ရှေ့၊ မိဘ ဆရာသမားများရှေ့၊လူပရိတ်သတ်ရှေ့မှာ ကိုယ်အိမ်ထောင်ဖက်နဲ့အတူ                ကောင်းကြီးမင်္ဂလာခံယူပြီး ၀မ်းမြောက်စွာနဲ့အိမ်ထောင်ဖက်ကိုလျှောက်လှမ်းရတာ ပြီးပြည့်စုံသောမင်္ဂလာ ဖြစ်ပါတယ်..

Sunday, February 17, 2013

ကျေးဇူးတော်အသင်းတော်(ချင်းရိုင်း)ယုံကြည်သူတိုင်းအတွက်ခွန်အားယူဖို့ပါ

လူငယ်များဂုဏ်တော်ချီးမွမ်းခြင်း

ဒီတပတ် လူငယ်များရဲ့ချီးမွမ်းခြင်းဖြစ်ပါတယ်.. ကိုယ်တော်ရဲ့အချိန်နီးလာပြီး ပြင်ဆင်လျှက် အားထုတ်လျှက် ကြိုးစားရအောင်ဝေငှလိုက်ပါတယ်

Saturday, February 16, 2013

Grace Church

ခရစ်ယာန်အိမ်ထောင် ညလေးမှာ အတူတစ်ကွဝတ်ပြုဆုတောင်းခြင်းဝတ်မှာ ဝေငှခြင်းဖြစ်ပါတယ်

Saturday, February 9, 2013

Grace Church Chiang Rai

စိတ်ပါလက်ပါ နဲ့ချီးမွမ်းနေကြတာကို ကြည့်ပြီး ဘာသာစကားနားမလည် ပေမဲ့ခွန်အားရပါတယ်... ဘုရားသခင်ကျေးဇူးတော်ကိုအထူးချီးမွမ်းပါတယ်

Friday, February 8, 2013

ကိုးရီးယား လူငယ်များနဲ့ဝမ်းမြောက်ပျော်ရွှင်ခဲ့တဲ့အချိန်လေး

အင်မတန်ကောင်းတဲ့ သီဆိုမှုလေးပါ.. ခရီးရောက်မဆိုက် ကားပေါ်က တန်းဆင်းတာနဲ့ စတာပါပဲဗျား....တကယ်ကို အင်တိုက်အားတိုက် သီဆိုမှန်းသိသာပါတယ်

Friday, January 25, 2013

နှစ်သိမ်ဆု ရခဲ့တဲ့အဖွဲပါ

ဒီသီချင်းလေးကို ကိုရှမွေလ ရေးစပ်ထားပြီး သူနဲ့အတူ သူ့အဖွဲ့သားတွေဝင်ရောက်ယှဉ်ပြိုင်ပါတယ်
နားစဉ်ကြည့်လိုက်ပါ ..နည်းနည်းတော့ ရီလိုက်ရမယ်..သီချင်းလေးကောင်းပါတယ် သေချာမကျင့်ထားမိတာ လေးတခုလိုသွားပါတယ်

Wednesday, January 23, 2013

အရှုံးဆိုတာ ပန်းတိုင်ရောက်ဖို့ လှေခါးထစ်တွေပါ

ပန်းတိုင်ကိုရောက်ဖို့ ကြိုးစားရင်း အခက်အခဲတွေ အတားအဆီးတွေကြောင့်စိတ်ဓါတ်ကျနေလား
အရှုံးပေးဖို့ ပြင်နေပြီလား၊ခြေကုန်လက်ပမ်းကြပြီး အရုပ်ကြိုးပြတ်သလိုဖြစ်နေပြီလား...အရှုံး အနိုင်ဆိုတာ ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်.. ကိုယ်အရှုံးမပေးသရွှေ့ ဘယ်သူမှ ကျွန်တော်တို့ကိုမနိုင်ပါဘူး။ အထူးသဖြင့် ယုံကြည်သူရဲ့အသက်တာမှာ ကျွန်တော်တို့ဘက်မှာရှိတဲ့သူဟာ လောကဘက်မှာ ရှိတဲ့သူတွေအားလုံးထက် သာ၍ကြီးသောဘုရားသခင်ဖြစ်တယ်ဆိုတာကို ယုံကြည်ပြီးအနိုင်ယူဖို့ဖြစ်တယ်..
အောင်မြင်ဖို့ဖြစ်တယ်။ ခရစ်တော်ကိုသာယုံကြည်အားကိုးမယ်ဆိုရင် သုည ဘ၀လေးက ။သူရဲကောင်းဖြစ်နိုင်တယ်။ ခရစ်တော်မပါရင်တော့Hero ကြီးကလည်းZero လေးဘ၀ရောက်သွားနိုင်တယ်..
ဒါဝိဒ်နဲ့ဂေါလျှက်လိုပေါ့...စိတ်ဓါတ်မကျပါနဲ့ ...အားယူရဲရင့်ပါ။အရာရာကို နှုတ်ကပတ်တော်နဲ့သင်ယူပြီး နှလုံးသားနဲ့ခံစားကြည့်လိုက်ပါ အောင်မြင်မှုကို ခရစ်တော်ပေးမှာပါ
ဒီဇတ်လမ်းလေးထဲက သင်ခန်းစာယူလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်

စစ်မှန်သောငြိမ်သက်ခြင်းကို ရရှိစေဖို့

နေ့တဓူဝ အသက်ရှင်နေကြတဲ့လူသားတွေဟာ အပြင်ပမ်းကတက်ကြွလန်းဆန်းဖြတ်လတ်နေတယ်
လို့အသွင်ဆောင်ထားပေမဲ့ တကယ့်အတွင်းနှလုံးသားကတော့ ခက်ခဲခြင်း၊ကြမ်းတမ်းခြင်။ဆာလောင်ငတ်မွတ်နေခြင်း၊ပြိုင်ဆိုင်လိုစိတ်ပြင်းပြခြင်း၊အဖြေရှာမရခြင်း၊
ေ၀၀ါးထွေပြားနေပြီး၊အမှားအမှန်မပိုင်းခြားနိုင်တော့ခြင်း၊ရှုံးနိမ့်ခြင်း၊စိတ်ဓါတ်ကျခြင်း၊ဆိုတဲ့ခေါင်းစဉ်ပေါင်း
များစွာနဲ့ဝန်လေးနေတဲ့သူတွေပါ။တနေ့တနေ့ရုန်းကန်နေရတာကြောင့် ပင်ပန်းနေတဲ့သင့်နှလုံးသားကို အသစ်သော နှလုံးသားဖြစ်စေဖို့၊ ကျေးဇူးတော်နဲ့ရွှင်လန်းပေါ့ပါးသောအသက်တာဖြစ်စေဖို့ တတ်စွမ်းနိုင်တဲ့ တရားက ကားတိုင်တရားပဲဖြစ်ပါတယ်...၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့ငါ့ထံသို့လာကြလော့ ၊ငါသည်ချမ်းသာပေးမည်ဆိုတဲ့ခရစ်တော်ရဲနှုတ်ကပတ်တော်ကို အမှီပြုပြီးဝန်ထုပ်အားလုံ့းကို ကိုယ်တော်၌အပ်နှံကြည့်ပါ။သင်မသိမမှီနိုင်သော နည်းလမ်းဖြင့်ခရစ်တော်လမ်းပြပို့ဆောင်မှာဖြစ်ပါတယ်

တပါးတည်းသောသားတော်ကို စွန့်သည့်တိုင်

တခါက မီးရထားဝန်ထမ်းတဦးရှိတယ်.. သူ့မှာ သူအလွန်ချစ်ရတဲ့ တဦးတည်းသောသားလေးတယောက်ရှိတယ်..သူ့သားလေးက သူ့အဖေ ရဲ့အလုပ်ကိုလိုက်လာပြီ ရထား သွားနေတာကို လိုက်ကြည့်တတ်တယ်..တနေ့သာား လေးဟာ သူ့အဖေနဲ့လိုက်လာတယ်.. ရထားကြီး လာနေပါပြီ..အဲ့ဒီရထားပေါ်မှာ ပါလာတဲ့ခရီးသည်တွေက အစုံပါ ..အတ္တသမားတွေ၊အပျော်ကြူးသူတွေ၊တကိုယ်ကောင်းဆန်သူတွေ၊ဟန်ဆောင်သူတွေ၊
မှုးယဇ်သူတွေ၊ဒုစရိုက်သမားတွေကိုသယ်ဆောင်လာတဲ့ရထားကြီးဟာ ဘူတာနဲ့နီးကပ်လာပါပြီး၊
ဝန်ထမ်းလုပ်သားကြီးရဲ့တာဝန်ကတော့ အရှိန်ပြင်းစွာနဲ့လာနေတဲ့ရထားကြီး ကို တံတားကြီးကျိုးနေတဲ့ဘက် မရောက်အောင် အချိန်မှီလမ်းပြောင်းပေးရမှာဖြစ်တယ်..ဒီအချိန်မှာပဲ ခလုပ်က ဂျမ်းဖြစ်နေပြီး လမ်းကြောင်းမပြောင်းဖြစ်နေတယ်။ဒါကိုမြင်နေတဲ့သား က အဖေ့ကိုကူပြီး ရထားပေါ်က ခရီးသည်တွေကိုကယ်ဖို့ ရထားလမ်းအောက်မှာဂျမ်းဖြစ်နေတဲ့ ခလုပ်ကိုပြေးဆွဲရင်း အရှိန်မထိန်းနိုင်ဘဲ ကလေးလည်း အထဲကိုကျသွားတယ် ..ဒီအဖြစ်ကိုမြင်လိုက်တဲ့ ဖခင်က သားကို ပြေးကယ်မယ်လုပ်တော့ ရထားက ဘူတာဝင်တော့မယ်။။ ရထားကို လမ်းကောင်းဘက်မပြောင်းရင်သားငယ်လေးတော့ အသက်လွတ်မယ်. ရထားပေါ်မှာ ပါလာတဲ့သူ အားလုံးတော့ ချောက်ထဲကျမယ်.. ခရီးသည်တွေ ကို ကယ် ရင် တဦးတည်းသော သားလေး ရထားကြိတ် ခံရမယ်.. ဒါပေမဲ့ ဖခင်ဟာ ခရီးသည်တွေကို ကယ်ခဲ့ပါတယ်။။။
တဥိးတည်းသော သားကိုစွန့်ပြီး ခရီးသည်တွေကို ကယ်ခဲ့ပါတယ်... ဒါပေမဲ့ ဒီလုပ်သား ဖခင်ကြီးရဲ့ တဦးတည်းသောသားကိုစွန့်ပြီး ကယ်တင်လိုက်တဲ့လုပ်ရက်ကို ရထားပေါ်ကလူတွေ မသိဘူး၊ ဒီလုပ်သားကြီးကျတဲ့မျက်ရည်ကို နားမလည်နိုင်၊တန်ဖိုးမထားနိုင်ခဲ့ဘူး။။။ ဒီနေ့ကျွန်တော်တို့က ရထားပေါ်က ခရီးသွားဧည့်သည်တွေပါ။ ဘုရားသခင်က တပါးတည်းသောသားတော်ကိုစွန့်ပြီး ကျွန်တော်တို့ကိုကယ်တင်ခဲ့ပါတယ်။။ဒါလေးကိုကြည့်ပြီး သင့်အသက်တာကို ခရစ်တော်ထံ အပ် နှံလိုက်ပါလို့တိုက်တွန်းလိုက်ပါတယ်

မိတ်ဆွေ သင့်ဖခင်ရဲ့ချစ်ခြင်းမေတ္တာကိုသင့်ပြန်ရေတွက်ဖို့ပါ

ဒီဇတ်လမ်းလေးက ကျွန်တော်တို့ကို (အထူးသဖြင့်ကျွန်တော့်ကို)မိဘမေတ္တာကိုပြန်မြင်စေဖို့သွန်သင်နေပါတယ်ဗျာ၊ဒီနေ့ ကျွန်တော်က အဲ့ဒီထဲက သားလိုဖြစ်နေတယ် လို့ခံစားမိတယ်။။ ကျွန်တော်တို့ အပေါ်စိတ်ရှည်သီးခံခဲ့တဲ့ မိဘတွေကိုကျွန်တော်တို့ ပြန်ပြီး စိတ်ရှည်သီးခံ ဖို့ ပြင်ရမယ်

သင့်ရဲ့ယုံကြည်ခြင်းကိုထူးခြားစေလိမ့်မယ်လို့ယုံကြည်ပါတယ်

ဒီ ဇတ်လမ်းလေးကိုကြည့်ဖြစ်အောင်ကြည့်လိုက်ပါ သင့်အတွက်ထူးခြားတဲ့ ယုံကြည်သူအသက်တာကို မီးမောင်းထိုးပြနေတယ်ဆိုတာသင့်တွေ့ရမှာပါ

Sunday, January 20, 2013

တရားဒေသနာ (အပိုင်း၂)

ဘုရားသခင်ထံက ခံစားရတဲ့ကျေးဇူးတော်စိတ်ကို ကိုယ်တိုင်ခံစားရင်း သူတပါးကိုဝေငှနိုင်ဖို့ပါ
၂၀ ရက် နေ့ မှာ ဝေငှ ထားတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်....  ဒီအပတ် ဘုရားကျောင်းမတက်ဖြစ်တဲ့  ညီအစ်ကိုမောင်နှစ်မများ ခွန်အားယူနိုင်ဖို့ဖြစ်ပါတယ်

Friday, January 18, 2013

ကိုဒါးပလယ် ရေးစပ်ထားတဲ့ သီချင်းလေးပါ..သူနဲ့အတူ သူ့အဖွဲ့သားများ ချီးမွမ်းရင်းယှဉ်ပြိုင်ခဲ့တာပါ ..သူတို့အဖွဲ့ကတော့ တတိယ ဆုရခဲ့ပါတယ်....နားထောင်ရင်းခွန်အားယူလိုက်ပါ
ကလေးတွေဆိုတာ အပြစ်ကင်းတဲ့ အသက်တာကိုပိုင်ဆိုင်ထားသူပါ .... မိဘတွေက ဘုရားသခင် အလိုတော်နဲ့အညီ သွန်သင်ဆုံးမမယ်။ကြည့်ရှုပြုစုမယ် ဆိုရင် ဒီကလေးတွေဟာ တနေ့ ဘုရားသခင်နိုင်ငံတော်အတွက် အကောင်းဆုံးဆက်ကပ်လာကြမှာပါ ကလေးတွေနဲ့အတူ ဘုရားသခင် ကောင်းမြတ်ကြောင်းကိုခံစားလိုက်ရအောင်

Thursday, January 10, 2013

ကိုချစ်စမ်းမောင်(ချင်းရိုင်း)ရေးစပ်ထားပြီး သူနဲ့အတူ အဖွဲ့သားများ ချီးမွမ်းယှဉ်ပြိုင်နေခြင်းဖြစ်ပါတယ်
ယှဉ်ပြိုင်အနိုင်ယူခြင်းထက် မိမိမှာ ဘုရားသခင်ပေးထားတဲ့အစွမ်းအစကို ဖေါ်ထုတ်ဆက်ကပ်ခြင်းသာ အဓိကဖြစ်ပါတယ်

Wednesday, January 9, 2013

ပထမ ဆု

၂၀၁၂ ခရစ္စမတ်သီချင်းပြိုင်ပွဲ မှာ ပထမ ဆုရတဲ့အဖွဲ့ဖြစ်ပါတယ်... တေးရေး ကိုအောင်ဇော်လင်း ပဲဖြစ်ပါတယ်.. အပြစ်ကြောင့်ဘုရားနဲ့အဆက်အသွယ်ပြတ်ခဲတဲ့လောကီသားများကို ကြီးမားတဲ့မေတ္တာနဲ့ ဘုရားသခင်ရွှေးနှုတ်ကြောင့်ဖွဲ့ဆိုထားတာပါ