Wednesday, January 23, 2013

အရှုံးဆိုတာ ပန်းတိုင်ရောက်ဖို့ လှေခါးထစ်တွေပါ

ပန်းတိုင်ကိုရောက်ဖို့ ကြိုးစားရင်း အခက်အခဲတွေ အတားအဆီးတွေကြောင့်စိတ်ဓါတ်ကျနေလား
အရှုံးပေးဖို့ ပြင်နေပြီလား၊ခြေကုန်လက်ပမ်းကြပြီး အရုပ်ကြိုးပြတ်သလိုဖြစ်နေပြီလား...အရှုံး အနိုင်ဆိုတာ ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်.. ကိုယ်အရှုံးမပေးသရွှေ့ ဘယ်သူမှ ကျွန်တော်တို့ကိုမနိုင်ပါဘူး။ အထူးသဖြင့် ယုံကြည်သူရဲ့အသက်တာမှာ ကျွန်တော်တို့ဘက်မှာရှိတဲ့သူဟာ လောကဘက်မှာ ရှိတဲ့သူတွေအားလုံးထက် သာ၍ကြီးသောဘုရားသခင်ဖြစ်တယ်ဆိုတာကို ယုံကြည်ပြီးအနိုင်ယူဖို့ဖြစ်တယ်..
အောင်မြင်ဖို့ဖြစ်တယ်။ ခရစ်တော်ကိုသာယုံကြည်အားကိုးမယ်ဆိုရင် သုည ဘ၀လေးက ။သူရဲကောင်းဖြစ်နိုင်တယ်။ ခရစ်တော်မပါရင်တော့Hero ကြီးကလည်းZero လေးဘ၀ရောက်သွားနိုင်တယ်..
ဒါဝိဒ်နဲ့ဂေါလျှက်လိုပေါ့...စိတ်ဓါတ်မကျပါနဲ့ ...အားယူရဲရင့်ပါ။အရာရာကို နှုတ်ကပတ်တော်နဲ့သင်ယူပြီး နှလုံးသားနဲ့ခံစားကြည့်လိုက်ပါ အောင်မြင်မှုကို ခရစ်တော်ပေးမှာပါ
ဒီဇတ်လမ်းလေးထဲက သင်ခန်းစာယူလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်

No comments: