Wednesday, January 23, 2013

တပါးတည်းသောသားတော်ကို စွန့်သည့်တိုင်

တခါက မီးရထားဝန်ထမ်းတဦးရှိတယ်.. သူ့မှာ သူအလွန်ချစ်ရတဲ့ တဦးတည်းသောသားလေးတယောက်ရှိတယ်..သူ့သားလေးက သူ့အဖေ ရဲ့အလုပ်ကိုလိုက်လာပြီ ရထား သွားနေတာကို လိုက်ကြည့်တတ်တယ်..တနေ့သာား လေးဟာ သူ့အဖေနဲ့လိုက်လာတယ်.. ရထားကြီး လာနေပါပြီ..အဲ့ဒီရထားပေါ်မှာ ပါလာတဲ့ခရီးသည်တွေက အစုံပါ ..အတ္တသမားတွေ၊အပျော်ကြူးသူတွေ၊တကိုယ်ကောင်းဆန်သူတွေ၊ဟန်ဆောင်သူတွေ၊
မှုးယဇ်သူတွေ၊ဒုစရိုက်သမားတွေကိုသယ်ဆောင်လာတဲ့ရထားကြီးဟာ ဘူတာနဲ့နီးကပ်လာပါပြီး၊
ဝန်ထမ်းလုပ်သားကြီးရဲ့တာဝန်ကတော့ အရှိန်ပြင်းစွာနဲ့လာနေတဲ့ရထားကြီး ကို တံတားကြီးကျိုးနေတဲ့ဘက် မရောက်အောင် အချိန်မှီလမ်းပြောင်းပေးရမှာဖြစ်တယ်..ဒီအချိန်မှာပဲ ခလုပ်က ဂျမ်းဖြစ်နေပြီး လမ်းကြောင်းမပြောင်းဖြစ်နေတယ်။ဒါကိုမြင်နေတဲ့သား က အဖေ့ကိုကူပြီး ရထားပေါ်က ခရီးသည်တွေကိုကယ်ဖို့ ရထားလမ်းအောက်မှာဂျမ်းဖြစ်နေတဲ့ ခလုပ်ကိုပြေးဆွဲရင်း အရှိန်မထိန်းနိုင်ဘဲ ကလေးလည်း အထဲကိုကျသွားတယ် ..ဒီအဖြစ်ကိုမြင်လိုက်တဲ့ ဖခင်က သားကို ပြေးကယ်မယ်လုပ်တော့ ရထားက ဘူတာဝင်တော့မယ်။။ ရထားကို လမ်းကောင်းဘက်မပြောင်းရင်သားငယ်လေးတော့ အသက်လွတ်မယ်. ရထားပေါ်မှာ ပါလာတဲ့သူ အားလုံးတော့ ချောက်ထဲကျမယ်.. ခရီးသည်တွေ ကို ကယ် ရင် တဦးတည်းသော သားလေး ရထားကြိတ် ခံရမယ်.. ဒါပေမဲ့ ဖခင်ဟာ ခရီးသည်တွေကို ကယ်ခဲ့ပါတယ်။။။
တဥိးတည်းသော သားကိုစွန့်ပြီး ခရီးသည်တွေကို ကယ်ခဲ့ပါတယ်... ဒါပေမဲ့ ဒီလုပ်သား ဖခင်ကြီးရဲ့ တဦးတည်းသောသားကိုစွန့်ပြီး ကယ်တင်လိုက်တဲ့လုပ်ရက်ကို ရထားပေါ်ကလူတွေ မသိဘူး၊ ဒီလုပ်သားကြီးကျတဲ့မျက်ရည်ကို နားမလည်နိုင်၊တန်ဖိုးမထားနိုင်ခဲ့ဘူး။။။ ဒီနေ့ကျွန်တော်တို့က ရထားပေါ်က ခရီးသွားဧည့်သည်တွေပါ။ ဘုရားသခင်က တပါးတည်းသောသားတော်ကိုစွန့်ပြီး ကျွန်တော်တို့ကိုကယ်တင်ခဲ့ပါတယ်။။ဒါလေးကိုကြည့်ပြီး သင့်အသက်တာကို ခရစ်တော်ထံ အပ် နှံလိုက်ပါလို့တိုက်တွန်းလိုက်ပါတယ်

No comments: