Tuesday, November 5, 2013

အဆုံးသတ်လှစေဖို့

အစကောင်းမှ အနှောင်းသေချာ …ဆိုတဲ့မြန်မာဆိုရိုးစကားတခွန်းရှိပါတယ်…အဓိပ္ပါယ်ကတော့ အဆုံးသတ်လှဖို့ အစပျိုးကောင်းရမယ်...ဒါကြောင့်လည်း ကျွန်တော်တို့အားလုံးက ဘာပဲလုပ်လုပ်အစကို တန်ဖိုးထားတယ်…ကျောင်းတက်စအရွယ်ကလေးက ကျောင်းစိမ်းဝတ်စုံအသစ်..လွယ်အိတ်အသစ်..စာအုပ်အသစ် အားလုံးအသစ်နဲ့.. လုပ်ငန်းခွင်အသစ်ကို ၀င်မဲ့သူကလည်း အတွေးအမြင်အသစ်တွေနဲ့တက်ကြွနေ..လက်ထပ်ဖို့ပြင်ဆင်နေတဲ့ ချစ်သူတွေကလည်း..စိတ်ကူးအသ...စ်တွေ..ထူးခြားတဲ့နုရွတဲ့ခံစားချက်အသစ်တွေ အနာဂတ်ကို ပုံဖို့ လန်းဆန်းနေ…အားလုံးက အစ မှာတက်ကြွနေတတ်ပါတယ်..အဲ့ဒီအစအတွက်ကို ငွေအား လူအား အချိန် ရှိသမျှကို သုံးပြီး ဖိဖိစီးစီးလုပ်နေကြတာပါ..ဘာကြောင့် အဲ့ဒီလောက် အစ ကို ဂရုထားနေတာလည်းဆိုတော့ အဆုံးသတ် လှဖို့ပါ….
ဒီနေ့ယုံကြည်သူရဲ့ဝိညာဉ်ရေးရာမှာလည်း အဆုံးသတ်လှဖို့ လိုအပ်တယ်ဆိုတာတွေးမိပါတယ်…ဘုရားသခင်ရှေ့မှာ အဆုံးသတ်လှဖို့..အဆုံးသတ်တင့်တယ်ဖို့..အဆုံးသတ်မှာ သာဓုသစ္စာရှိသောငယ်သားကောင်းဖြစ်ဖို့ တမန်တော်ရှင်ပေတရုက ၁ ပေ၄း ၇ ထဲမှာ ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုပြီဖြစ်သောကြောင့်….၁ သမ္မာသတိရှိနေဖို့ ၂…ဆုတောင်းခြင်းငှါစောင့်နေဖို့..၃ အချင်းချင်းချစ်အားကြီးဖို့..၄..မြည်တမ်းခြင်း မရှိပဲဧည့်သည်ဝတ်ကိုပြုဖို့..၅ ကျေးဇူးတော်ကို ခံစားရသော ကျေးဇူးတော်ဘဏ္ဍာစိုးကဲ့သို့ဝေမျှဖို့…၆ ဘုရားသခင်ဗျာဒိတ်တော်အတိုင်း ဟောပြောဝေငှဖို့…၇ ဘုရားပေးထာတဲ့ အစွမ်းတွေကို အစွမ်းသတ္တိနဲ့ ဆက်ကပ်ဖို့ ဝေငှထားပါတယ်…
ချစ်သောမိတ်ဆွေ happy birthday to you..ကျွန်တော်တို့အစပြုခဲ့သလို တနေ့ကျွန်တော်တို့ရဲ့ အဆုံးမှာလည်း မင်္ဂလာရှိဖို့ နှုတ်ကပတ်တော်က သွန်သင်ထားပါတယ်…ဘုရားသခင်ရှေ့မှာ အဆုံးသတ်လှတဲ့ အသက်တာဖြစ်ဖို့ အခု အချိန်တွေကို တန်ဖိုးထားရအောင်..
ဒေသနာ ၇း ၈ အမှု၏အဆုံးသည် အစထက်သာ ၍ကောင်း၏….ကျွန်တော်တို့ရဲ့ အစ မလှခဲ့ရင်လည်း စိတ်မပျက်ပါနဲ့..အဆုံးမှာ ဘုရားရှေ့မှာ မင်္ဂလာ ရှိဖို့ ပြင်ဆင်ရအောင် အားလုံးအပေါ်မှာ ဒီနှုတ်ကပတ်တော်အားဖြင့် အသစ်သော ခွန်အားရရှိနိုင်ပါစေ
စိုင်းမျိုးမြင့် ကျေးဇူးတော်အသင်းတော်

အသီးအားဖြင့် အပင်၏သဘောကိုသိရ၏

အသီးအားဖြင့် အပင်၏သဘောကိုသိရ၏ (ရှင်မဿဲ၁၂း ၃၃)
မနေ့ညနေက အသင်းသားတယောက်က ကျွန်တော်တို့မိသားစုအတွက် ပဲဇောင်းငါး သီးယူလာပေးပါတယ်….ကျွန်တော်သာမက ဒီအသီးတွေကိုမြင်တဲ့သူတိုင်း အကုန်အံ့သြသွားပါတယ်..ဘာကြောင့်လည်းဆိုတော့ မြေသြဇာလည်း မသုံးပဲနဲ့ အရှည်တတောင်လောက်နီးပါးရှိနေတဲ့ပဲဇောင်းငါးသီးတွေကြောင့်ပါ…အရှည်တတောင်လောက်ရှိပေမဲအံ့သြစရ...ာကောင်း တာက လုံးဝ နုဖတ်နေလို့ပါ…တချို့က မျိုးပေး ပါဆိုပြီး မျိုးတောင်းကြတယ်…ဒီအသီးကို မြင်လိုက်တာနဲ့ ဒီအပင်မျိုးဘယ်လောက်ကောင်းမယ်ဆိုတာ အားလုံးသိကြပါတယ်..ဒီအကြောင်းအရာလေးက ဒီကနေ့ကျွန်တော့်အသက်တာအတွက် ခွန်အားဖြစ်စေမဲ့နှုတ်ကပတ်တော်ဖြစ်ဖို့ ဘုရားသခင်သွန်သင်တယ်လို့ခံစားမိပါတယ်…
တမန်တော်ကြီးရှင်ပေတရုက..၁ပေ ၁း ၂၂ မှာ သင်တို့သည်ဖေါက်ပြန်ပျက်စီးတတ်သသောမျိုးစေ့အားဖြင့်ဖြစ်ဘွားသည်မဟုတ်၊မဖေါက်ပြန်မပျက်စီးတတ်သောမျိုးစေ့ တည်းဟူသောအသက်ရှင်၍အစဉ်အမြဲတည်တော်မူသောဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့်ဖြစ်ဘွားသောကြောင့် ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊အမှန်ချစ်ခြင်းအလိုငှါစိတ်ထဲမှာ သမ္မာတရားကိုနားထောင်လျှက် ကိုယ့်စိတ်နှလုံးကိုစင်ကြယ်စေပြီးသည်နှင့်အညီစင်ကြယ်သောစိတ်နှင့်အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့။
ဒီကနေ့ အမြဲကြားနေရတာက..ရာသီဥတုဖေါက်ပြန်နေပြီ..သဘာဝတရားဖေါက်ပြန်နေပြီ..လူတွေအကျင့်တရားဖေါက်ပြန် နေပြီ…ဆိုတဲ့စကားတွေဖြစ်ပါတယ်…တကယ်လည်း ဖေါက်ပြန်မှုတွေက ကြောက်စရာကောင်းလောက်အောင်ဖြစ်နေပါတယ်…မိသားစုကျင့်ဝတ် တွေဖေါက်ပြန်ကုန်ပြီ..ပျက်စီးကုန်ပြီ..မကြားသင့်တဲ့စကားတွေကို နားယှဉ်နေလောက်အောင်ကိုကြားနေရပါပြီ…ဒီလိုအခြေအနေထဲမှာ အသက်ရှင်နေရတဲ့ကျွန်တော်တို့အတွက် သတိပြုဖို့က …ကျွန်တော်တို့ရဲ့ အစဟာ နှုတ်ကပတ်တော်ဖြစ်တယ်…နှုတ်ကပတ်တော်တည်းဟူသောသခင်ခရစ်တော်က ဘယ်တော့မှမဖေါက်ပြန်နိုင်ပါဘူး…မဖေါက်ပြန်တတ်တဲ့ ခရစ်တော်တည်းဟူသောမျိုးစေ့ကနေ အစပြုခဲ့ပေမဲ့ ဘာကြောင့်ဒီကနေ့ယုံကြည်သူတွေရဲ့အသက်တာ ဖေါက်ပြန်နေရတာလည်း …ခရစ်တော်က မပျက်စီးနိုင်ပေမဲ့ ယုံကြည်သူတွေဘာကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေရတာလည်း..အသီးမလှတော့ အပင်အပြစ်တင်ခံရသလို ကျွန်တော်တို့ မဆင်မခြင်လုပ်လိုက်တဲ့အရာတွေကြောင့် ခရစ်တော်နာမထိခိုက်စရာတွေဖြစ်ခဲ့တာများလှပါပြီ…ဒါကြောင့်ဒီကနေ့ ကျွန်တော်တို့အသက်တာအားဖြင့် ဘုရားဘုန်းတော်ထင်ရှားစေဖို့…ချစ်ယောင်မဆောင်ပါနဲ့.ဟန်ဆောင်ချစ်နေတာ..လိမ်ညာပြီးချစ်နေတာ.မျက်နှာချင်းဆိုင်တုန်းတော့ပြုံးပြပြီး ကျောပေးသွားတဲ့အခါမဲ့ရွဲ့တာမျိုးတွေ စွန့်လွတ်ရအောင်…စိတ်ပျက်စေမဲ့စကား၊လမ်းမှားရောက်စေမဲ့စကား။အမုန်းတွေပွါးများစေမဲ့စကား၊ယုံကြည်ခြင်းပျက်ပြားစေမဲ့ စကား၊ရန်ငြိုးတွေတိုးစေမဲ့စကားတွေကိုဘေးဖယ်ပြီး သမ္မာတရားစကားနားထောင်ရအောင်၊ ကိုယ့်ရဲ့အပြင်ပန်းသန့်ရှင်းဖို့သပ်ရပ်ဖို့သေချာဖို့အတွက် ဂရုစိုက်သလို အရေးအကြီးဆုံးဖြစ်တဲ့ စိတ်နှလုံး ကိုနှုတ်ကပတ်တော်နဲ့ဆေးကြောရအောင်၊ ကျွန်တော်တို့အားဖြင့်ခရစ်တော်ဘုန်းတော်ထင်ရှားစေဖို့ ပြင်ဆင်ရအောင်…. စိုင်းမျိုးမြင့် (ကျေးဇူးတော်အသင်းတော်)