Friday, July 15, 2011

ဘုရားသခင်သည် အချိန်တိုင်းမှာကောင်းမြတ်တော်မူ၏

ဘုရားသခင်သည် အချိန်တိုင်းမှာ ကောင်းမြတ်တဲ့ ဘုရားရှင်ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကနေ့ယုံကြည်သူအများစု ကဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကို ကောင်းကောင်းနားမလည်ကြပါဘူး
ဘာနဲ့တူသလဲဆိုတော့ သားသမီးတွေမိဘရဲ့ ကောင်းမွန်တဲ့ အကြံအစည်၊သဘောထားကို
နားမလည်နိုင်သလိုပေါ့။ သားသမီးတွေ လိုတာရှိရင် မိဘတွေကိုတောင်းမယ်၊အ၀တ်
အစား၊အစားအသောက် ငွေကြေးအစရှိသမျှပေါ့ ။အဲ့လိုတောင်းလို့ မိဘက ပေးနိုင်တဲ့အချိန်
ပေးသင့်တဲ့အချိန် ကိုကြည့်ပြီးပေးသလို မပေးနိုင်သလို၊မပေးသင့်တဲ့ အခြေအနေမျိုးတွေလည်းရှိမှာပါ
ဒါပေမဲ့ သားသမီးတွေက မိဘပေးနိုင်တဲ့အချိန်မှာတော့ အဖေအမေက ကောင်းတယ် ငါတို့ကိုချစ်တယ် လို့ခံယူပေမဲ့၊မပေးနိုင်တဲ့ အခြေအနေမျိုးကြောင့်မပေးဖြစ်ခဲ့ရင်တော့ မိဘတွေက ငါတို့ကိုမချစ်ဘူး ငါတို့အပေါ်မှာ မကောင်းဘူးလို့ မြင်တတ်ကြတယ်.. ကျွန်တော်လည်း ဒီအတိုင်းပါပဲ ငယ်စဉ်အခါက မိဘတွေရဲ့ ကိုယ့်အပေါ်မှာထားခဲ့တဲ့ မေတ္တာ စေတနာကို နားမလည်ခဲ့ဘူး။ ဒီကနေ့နားလည်တဲ့အချိန်ကြတော့ အဖေက အနားမှာမရှိတော့ဘူး..
ဒီလိုပါပဲ ယုံကြည်သူတွေက ဘုရားသခင်ကောင်းမြတ်တယ်။ဘုရားသခင်ကျွန်တော် ကျွန်မတို့ကိုချစ်တယ်လို့ နှုတ်အားဖြင့်ပြောဆိုနေကြပေမဲ့ တကယ်ဘုရားသခင်ကောင်းမြတ်ခြင်းကိုနားမလည်တဲ့သူတွေအများကြီးရှိနေတယ်.. လုပ်သမျှ ကြံစည်သမျှ အခက်အခဲဘေးအန္တာရယ်တွေကလွတ်မြောက်တယ်ဆိုရင် ကျေးဇူးတော်ပဲ၊ဘုရားသခင်ကောင်းမြတ်လိုက်တာလို့ ၀န်ခံနိုင်ပေမဲ့ ။လုပ်သမျှမဖြစ်တဲ့အခါ ကြံစည်သမျှ မအောင်မြင်တဲ့အခါ အခက်အခဲများနဲ့ကြုံရတဲ့အခါ ဆိုရင်တော့ ကိုယ်တော်ဘယ်လိုလဲ၊ဘာကြောင့်လည်း ဆိုတဲ့မေးခွန်းတွေမေးတတ်ကြတယ်.. ဒီနေ့ဘုရားသခင်ကောင်းမြတ်ခြင်းဟာ ကျွန်တော်တို့ရဲ့အခြေအနေနဲ့ မဆိုင်ပါဘူး၊ ကျွန်တော်တို့ရဲ့အခြေအနေတွေပေါ်မှာ ကြည့်ပြီး ဘုရားကောင်းတယ် မကောင်းဘူးလိုက်ဆုံးဖြတ် ခံယူနေမယ်ဆိုရင် မှားနေပြီ။ ဘာကြောင့်လည်း ဆိုတော့လူဟာ ဘယ်တော့မှ တည်ငြိမ်တဲ့ အခြေအနေမှာ မရှိနိုင်ဘူး။ လူဟာ အိတ်ကတ် ဖေါင်းနေရင် စိတ်ပြောင်းတတ်တယ် မဟုတ်လား။အိတ်ကတ်ပြားနေရင် လည်း စိတ်ကစားတတ်ပြန်တာပဲ၊ ဒါကြောင့် အခြေအနေပေါ်မှုတည်ပြီး ဘုရားကိုယုံကြည်အားကိုးတဲ့သူဟာ ဘယ်တော့မှ ဘုရားကောင်းမြတ်ခြင်းကို မမြင်နိုင်ဘူး၊ ဘုရားသခင်ကောင်းမြတ်ခြင်း အပေါ်မှာ မှုတည် တဲ့သူကိုတော့ အခြေအနေတိုင်းမှာ အောင်မြင်ခွင့်ကို ဘုရားရှင်ပေးနိုင်တယ်..ဒါကြောင့်ကျွန်တော်အနေနဲ့မိတ်ဆွေများကို တိုက်တွန်းချင်တာက မယုံကြည်သူတွေလို အခြေအနေပေါ်ကြည့်ပြီး အသက်မရှင်ပါနဲ့. ဒီနေ့ တိုင်းပြည်အခြေအနေ၊ရာသီဥတု အခြေအနေ၊မိသားစု အခြေအနေ၊ကမ္ဘာကြီးပြောင်းလဲနေတဲ့ အခြေအနေ၊စီးပွားရေးအခြေအနေ၊ ကျမ္မာရေးအခြေအနေ စားဝတ်နေရေးအခြေအနေတွေ ကြောင့် စိတ်ပျက်မနေပါနဲ့ အဲ့ဒီအခြေအနေတွေက ကျွန်တော်တို့ ဆွဲချမဲ့အခြေအနေတွေပဲဖြစ်တယ် အဲ့ဒီအခြေအနေတွေကိုကြည့်နေသရွှေ့ ကျွန်တော်တို့အောင်မြင်မှာမဟုတ်ဘူး ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကို ယုံကြည်ပါ။အားကိုးပါ။   ရှင်ယောဟန်သြ၀ါဒစာ ပဌမစောင် ၄း၎  သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက်သာ၍ကြီးတော်မူ၏
ဒီကနေ့ ကျွန်တော်တို့ဘက်မှာ၊ ကျွန်တော်တို့အထဲမှာ ရှိသောသူဟာ တခြားသူမဟုတ်ပါဘူး၊အရာခပ်သိမ်းကို ဖန်ဆင်းပိုင်သတဲ့ဘုရားရှင်ဖြစ်တယ်၊ ဒါကြောင့်သင်အခြေအနေတွေကိုကြည့်ပြီး စိတ်ဓါတ်ကျနေခဲ့ရင် ကျွန်တော်လို  ငါ့ဘက်မှာရှိတဲ့သူဟာ လောကဘက်မှာ ရှိတဲ့သူထက် သာ၍ကြီးတယ်လို့ ယုံကြည်ခြင်းနဲ့ခွန်အားယူလိုက်ပါ။ ရှင်ပေါလု သွန်သင်သလို we walk by faith not by side.
ယုံကြည်ခြင်းနဲ့လျှောက်လှမ်းရင် အခြေအနေတိုင်းမှာ ဘုရားသခင်ကောင်းမြတ်ခြင်းကိုသင်မြင်တွေ့လာမှာပါ။
ဘုရားသခင်ကောင်းကြီးပေးပါစေ

No comments: