အစကောင်းမှ အနှောင်းသေချာ …ဆိုတဲ့မြန်မာဆိုရိုးစကားတခွန်း ရှိပါတယ်…အဓိပ္ပါယ်ကတော့ အဆုံးသတ်လှဖို့ အစပျိုးကောင်းရမယ်...ဒါကြောင့်လ ည်း ကျွန်တော်တို့အားလုံးက ဘာပဲလုပ်လုပ်အစကို တန်ဖိုးထားတယ်…ကျောင်းတက်စအရွယ် ကလေးက ကျောင်းစိမ်းဝတ်စုံအသစ်..လွယ်အိ တ်အသစ်..စာအုပ်အသစ် အားလုံးအသစ်နဲ့.. လုပ်ငန်းခွင်အသစ်ကို ၀င်မဲ့သူကလည်း အတွေးအမြင်အသစ်တွေနဲ့တက်ကြွနေ.. လက်ထပ်ဖို့ပြင်ဆင်နေတဲ့ ချစ်သူတွေကလည်း..စိတ်ကူးအသ...စ်တွေ..ထူးခြားတဲ့နုရွတဲ့ခံစားချက်အသစ်တွေ အနာဂတ်ကို ပုံဖို့ လန်းဆန်းနေ…အားလုံးက အစ မှာတက်ကြွနေတတ်ပါတယ်..အဲ့ဒီအစအတွက်ကို ငွေအား လူအား အချိန် ရှိသမျှကို သုံးပြီး ဖိဖိစီးစီးလုပ်နေကြတာပါ..ဘာကြော င့် အဲ့ဒီလောက် အစ ကို ဂရုထားနေတာလည်းဆိုတော့ အဆုံးသတ် လှဖို့ပါ….
ဒီနေ့ယုံကြည်သူရဲ့ဝိညာဉ်ရေးရာမှာလည်း အဆုံးသတ်လှဖို့ လိုအပ်တယ်ဆိုတာတွေးမိပါတယ်…ဘုရားသခင်ရှေ့မှာ အဆုံးသတ်လှဖို့..အဆုံးသတ်တင့်တယ်ဖို့..အဆုံးသတ်မှာ သာဓုသစ္စာရှိသောငယ်သားကောင်းဖြစ် ဖို့ တမန်တော်ရှင်ပေတရုက ၁ ပေ၄း ၇ ထဲမှာ ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုပြီဖြစ်သောကြော င့်….၁ သမ္မာသတိရှိနေဖို့ ၂…ဆုတောင်းခြင်းငှါစောင့်နေဖို့ ..၃ အချင်းချင်းချစ်အားကြီးဖို့..၄. .မြည်တမ်းခြင်း မရှိပဲဧည့်သည်ဝတ်ကိုပြုဖို့..၅ ကျေးဇူးတော်ကို ခံစားရသော ကျေးဇူးတော်ဘဏ္ဍာစိုးကဲ့သို့ဝေမျှ ဖို့…၆ ဘုရားသခင်ဗျာဒိတ်တော်အတိုင်း ဟောပြောဝေငှဖို့…၇ ဘုရားပေးထာတဲ့ အစွမ်းတွေကို အစွမ်းသတ္တိနဲ့ ဆက်ကပ်ဖို့ ဝေငှထားပါတယ်…
ချစ်သောမိတ်ဆွေ happy birthday to you..ကျွန်တော်တို့အစပြုခဲ့သလို တနေ့ကျွန်တော်တို့ရဲ့ အဆုံးမှာလည်း မင်္ဂလာရှိဖို့ နှုတ်ကပတ်တော်က သွန်သင်ထားပါတယ်…ဘုရားသခင်ရှေ့မှာ အဆုံးသတ်လှတဲ့ အသက်တာဖြစ်ဖို့ အခု အချိန်တွေကို တန်ဖိုးထားရအောင်..
ဒေသနာ ၇း ၈ အမှု၏အဆုံးသည် အစထက်သာ ၍ကောင်း၏….ကျွန်တော်တို့ရဲ့ အစ မလှခဲ့ရင်လည်း စိတ်မပျက်ပါနဲ့..အဆုံးမှာ ဘုရားရှေ့မှာ မင်္ဂလာ ရှိဖို့ ပြင်ဆင်ရအောင် အားလုံးအပေါ်မှာ ဒီနှုတ်ကပတ်တော်အားဖြင့် အသစ်သော ခွန်အားရရှိနိုင်ပါစေ
စိုင်းမျိုးမြင့် ကျေးဇူးတော်အသင်းတော်
ဒီနေ့ယုံကြည်သူရဲ့ဝိညာဉ်ရေးရာမှ
ချစ်သောမိတ်ဆွေ happy birthday to you..ကျွန်တော်တို့အစပြုခဲ့သလို
ဒေသနာ ၇း ၈ အမှု၏အဆုံးသည် အစထက်သာ ၍ကောင်း၏….ကျွန်တော်တို့ရဲ့ အစ မလှခဲ့ရင်လည်း စိတ်မပျက်ပါနဲ့..အဆုံးမှာ ဘုရားရှေ့မှာ မင်္ဂလာ ရှိဖို့ ပြင်ဆင်ရအောင် အားလုံးအပေါ်မှာ ဒီနှုတ်ကပတ်တော်အားဖြင့် အသစ်သော ခွန်အားရရှိနိုင်ပါစေ
စိုင်းမျိုးမြင့် ကျေးဇူးတော်အသင်းတော်