Monday, July 29, 2013

ဘုရားသခင်၏ အမျက်ကို နိုးဆော်သူ မဖြစ်ပါစေနဲ့ (ယေဇကျေလအနာဂတ္တိကျမ်း ၈ )

သူရွေးကောက်ထားတဲ့ လူမျိုးတော်ကို သူကယ်တင်ခဲ့တဲ့လူမျိုးတော်ကိုဘုရားသခင်က ဘယ်သူကိုမှ မျှဝေပေးဖို့မဖြစ်နိုင်သလို ခရစ်တော်အသက်စွန့်ရွေးချယ်ထားတဲ့ ကျွန်တော်တို့ကိုလည်း ဘုရားသခင်က ဘယ်သူကိုမှ မမျှပေးနိုင်ဘူး...

ကိုဒါးပလယ်စေး သက်သေခံခြင်း

သေးငယ်သောအရာလေးပေမဲ့ အဲ့ဒီသေးငယ်တဲ့အရာလေးကြောင့်ပဲ ဘုရားနဲ့ဝေးကွာသွားစေ နိုင်တယ် ဆိုတာကိုမြင်တွေ့သက်သေခံထားခြင်းဖြစ်ပါတယ်

Tuesday, July 23, 2013

ဘုရားသခင်ဘုန်းတော်ထင်ရှားသောအသက်တာဖြစ်စေဖို့

မယုံကြည်သူတွေ ခရစ်တော်အကြောင်းကို ရှုတ်ချတာ..ကဲ့ရဲ့တာ အပြစ်တင်တာ..လက်မခံနိုင်တာ ကို ကျွန်တော်တို့ အပြစ်သွားပြောဖို့မလိုဘူး...သွားပြောလို့လည်း မရဘူး... ယုံကြည်သူတွေက သာ ယုံကြည်သူလို့ ပြောပြီး ခရစ်တော်နာမကိုရှုတ်ချနေတာ..ကဲ့ရဲ့စရာဖြစ်အောင်ပြုမှုနေထိုင်နေတာကို ဆင်ခြင်ရမှာဖြစ်ပါတယ်..မယုံကြည်သူတွေကြောင့် ခရစ်တော်နာမတော် မထိခိုက်နိုင်ပါဘူး...ယုံကြည်သူ လို့ပြောနေတဲ့သူတွေရဲ့ မယုံကြည်မှုတွေကြောင့်သာ ခရစ်တော်နာမတော် ထိခိုက်နေရတာပါ

Monday, July 22, 2013

ဘုရားသခင်ပြင်ဆင်ပေးသောလက်နက်စုံနှင့် စာတန်ကို အောင်မြင်ခြင်း (နိဂုံး)

ငါတို့ မိသားစုမှာ..ငါတို့ ဇနီးမောင်နှံတွေမှာ၊ငါတို့သားသမီးတွေမှာ ဘာတွေဖြစ်ကုန်ပြီလည်းဆိုတဲ့ မေးခွန်းတွေ ၀မ်းနည်းစရာတွေမဖြစ်ရလေအောင် နှုတ်ကပတ်တော်နဲ့ တည်ဆောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်...ဘုရားသခင်ကောင်းကြီးပေးပါစေ

ဘုရားသခင်ပြင်ဆင်ပေးသော လက်နက်စုံနှင့်သာ စာတန်ကိုအောင်မြင်နိုင်မှာပါ

ခဲယဉ်းဆိုးယုတ်သောကာလ ...တနေ့တခြား လူတွေအတွေးအခေါ်ခေါင်းပါးလာပြီ...ဆင်ခြင်ညာဏ်ခေါင်းပါးလာပြီ..ကိုယ်ကျင့်တရားတွေခေါင်းပါးလာပြီ..စောင့်စည်းသင့်တာတွေခေါင်းပါးလာပြီ...မိသားစု ထဲမှာ..ဖေါက်ပြန်လာပြီ၊ဒီလိုနေ့ရက်တွေမှာ ဘုရားသခင်ပြင်ဆင်ပေးတဲ့ လက်နက်အစုံကိုယူတင်ဝတ်ဆောင်ထားဖို့ တိုက်တွန်းဝေငှလိုက်ပါတယ်...
အားလုံးအပေါ်မှာ ဘုရားသခင်ကောင်းကြီးပေးပါစေ