Wednesday, May 22, 2013

ဖျက်ဆီးတတ်သောသူ မ၀င်နိုင်ဖို့ ခရစ်တော်၏အသွေးတော်ကိုဝန်ခံစို့ ဒုတိယပိုင်း နားဆင်ဖို့ ဒီလင့်(ခ်)လေးကို နှိပ်လိုက်ပါ

ဖျက်ဆီး သောသူ မ၀င်စေဖို့.. ခရစ်တော်၏အသွေးတော်ကို ၀န်ခံစို့ (ပထမ ပိုင်း)


မိတ်ဆွေ .... ဘုရားနဲ့ဆန့်ကျင်ဖက်မှာ ရှိနေတဲ့ သင့်ရဲ့ပညာ ၊ သင့်ရဲ့အစွမ်းအစ ၊ စည်းစိမ် ဘဏ္ဍာတွေဟာ အချည်းနှီးပါ... အမှောင်ထု ဆိုတာ လက်နဲ့စမ်းလို့မရပေမဲ့.. ဘုရားသခင်လုပ်ရင်တော့ သာမည အမှောင်မဟုတ်ပဲ လက်နဲ့စမ်းသပ်လို့ ရတဲ့ အမှောင်ထုကို အဲဂုတ္တု ပြည်သားတွေခံစားလိုက်ရပါတယ်.. ဘုရားနဲ့ဆန့်ကျင်ဖက်မှာရှိနေတဲ့ အဲဂုတ္တုလူတွေ ၃ ရက်တိတိ မှောင်မိုက်ကို လက်နဲ့စမ်းလို့ရတဲ့အထိ နေရာကနေမထ နိုင်အောင်ခံစားနေရချိန်မှာ ... ဘုရားလူတွေဘက်မှာ တော့ လင်းထိန်နေတာကို သင်သတိယလိုက်ပါ

Thursday, May 16, 2013

God is Able (ဘုရားသခင်အရာအားလုံးကို တတ်နိုင်ပါတယ်)


ယနေ့ကျွန်တော်တို့၏ဘုရားသခင်သည် အရာခပ်သိမ်းကိုတတ်စွမ်းနိုင်သောဘုရားရှင်ဖြစ်ပါတယ်..
သေသောသူကို ရှင်စေသောဘုရား
အမိဝမ်းတွင်းက ခြေလက်သေ ၊စွံ့အ နားမကြား.မျက်စိကန်းသူကို ကျန်းမာစေနိုင်သောဘုရား
ကျောက်ထဲက ရေကိုထွက်စေသောဘုရား၊ ပင်လယ်ကိုနှစ်ခြမ်းကွဲလျှက် လူမျိုးတော်ကို လွတ်မြောက်စေသောဘုရား
 ကျွန်တော်တို့အသက်တာကို ချီးမြှောက်လိုသောဘုရား၊ အသစ်သောအသက်တာတွင် ရွှင်လန်းဖို့ ခွန်အားသစ်ကိုပေးနိုင်သောဘုရား ၊ ၀န်ထုပ်များဖြင့်လေးလံနေသောအသက်တာကို သူ၏ချစ်ခြင်မေတ္တာဖြင့် ပေါ့ပါးသွားစေနိုင်သောဘုရား ၊

Wednesday, May 15, 2013

ဆန်းဒေးစကူး ကလေးငယ်များ မိခင်များနေ့တွင် ကျမ်းစာဖတ်၊ဂုဏ်တော်ချီးမွမ်းခြင်း


Sunday School Children On Mother Day

မိခင်များနေ့

Grace Church Group Song On Mothers' Dayhttp://youtu.be/aEDqhZLXNQ8


မိခင်များနေ့မှာ လူငယ်များ ဂုဏ်တော်ချီးမွမ်းနေစဉ်

မိခင်များနေ့မှာ လူငယ်များ ဂုဏ်တော်ချီးမွမ်းနေတာပါ.. မိခင်များ အားလုံးဘုရားသခင်ကောင်းကြီးပေးပါစေ
ဆရာမဖေါရှီး နှုတ်ကပတ်တော်ဆရာမ ဖေါရှီး မိခင်များနေ့တွင်ဝေငှသောနှုတ်ကပတ်တော်


ကျွန်တော်လည်း အကြောင်းကြောင့်ကြောင့် အင်တာနက်မသုံးဖြစ်တာကြာပြီ... ဒီနေ့မှ တရားဟော ချက်တွေ တင်မယ်လို့လုပ်ပြီးတင်ကြည့်တော့ ခါတိုင်းလို တခါတည်း တင်လို့မရဖြစ်နေတယ်..
အခု ဆရာမရဲ့တရားဟောချက်ကို နားထောင်ချင်ရင် ခရမ်းရောင်စာသားလေးကိုနှိပ်လိုက်ပါ...အောက်မှာလင့်ခ် လေးထွက်လာပါလိမ့်မယ်... အဲ့ဒီထွက်လာတဲ့လင့်ခ်ကို နှိပ်လိုက်ပါ youtube မှာ ပေါ်လာပါလိမ့်မယ်