Monday, April 22, 2013

ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏

တစ်ခါတုန်းက တောင်ကုန်းတစ်ခုပေါ်မှာ ဥလေးလုံးပါတဲ့ လင်းယုန်ငှက်သိုက်တစ်ခုရှိခဲ့ပါတယ်။ တစ်ရက်မှာ ငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် အသိုက်ထဲက ဥတစ်လုံးဟာ တောင်ကုန်းအောက်ကို လိမ့်ကြသွားပြီး တောင်ကြားမှာရှိတဲ့ကြက်ခြံထဲကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ ကြက်တွေဟာ အန္တရာယ်ရဲ့အငွေ့အသက်ဖြစ်တဲ့ လင်းယုန်ဥလေးကို ဂရုတစိုက်စောင့်ကြည့်ကြဖို့ သူတို့အချင်းချင်း သတိပေးထားခဲ့ကြတယ်။
ဒီလိုနဲ့ အချိန်တန်တော့ လင်းယုန်ဥထဲကနေပြီး အင်မတန်လှပတဲ့ လင်းယုန်ငယ်လေးတစ်ကောင် ပေါက်ဖွားလာတယ်ဆိုပါတော့။ ဒီလင်းယုန်ငှက်လေးဟာ ကြက်တွေရဲ့ကြားထဲမှာ ပေါက်ဖွားခဲ့ရသူပီပီ သူ့ကိုယ်သူလည်း ကြက်တစ်ကောင်လိုပဲ ပြုမူနေထိုင် လှုပ်ရှားသွားလာတယ်။ တစ်ခါတရံမှာ လင်းယုန်ငှက်ကလေးဟာ သူ့မိဘတွေကို လွမ်းနေပြီး သူ့အိမ်ကို ပြန်ချင်ပေမဲ့ “ သူဟာ ကြက်တစ်ကောင်အဖြစ်ကနေ ပိုပြီး ဘာမှဖြစ်လာနိုင်မှာ မဟုတ်ဘူး ”ဆိုတဲ့ အသိစိတ်တွေနဲ့ပဲ သူ့ရဲ့စိတ်ဓာတ်တွေဟာလည်း တဖြည်းဖြည်း ကျလာခဲ့တယ်။
အဲဒ...ီလို နေလာခဲ့ရင်း တစ်ရက်မှာတော့ လင်းယုန်ငှက်လေးဟာ ကြက်တွေနှင့်အတူ အပြင်ကိုထွက်ပြီး ကစားနေရင်း အမှတ်မထင်ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ပေါ်မှာ ပျံဝဲနေတဲ့ သူနှင့်မျိုးရိုးတူ လင်းယုန်ငှက်တွေကို မြင်သွားတဲ့ အခါမှာတော့ လင်းယုန်ငှက်ကလေးက
“ငါလည်း သူတို့လို ကောင်းကင်ပေါ်မှာ ပျံဝဲချင်လိုက်တာ”
ဆိုပြီး ညည်းတွားလိုက်ပါတယ်။
သူအဲဒီလို ညည်းတွားနေတာကို တွေ့သွားတဲ့ ကြက်တွေက
“မင်း အဲဒီငှက်တွေလို ကောင်းကင်ပေါ်မှာ ပျံလို့မရဘူး…..။ မင်းက… ကြက်တစ်ကောင်အဖြစ်နဲ့ မွေးဖွားလာခဲ့တဲ့ အကောင်ပဲလေ…။ မင်းနှယ်ကွာ…ကြက်တွေ ဘယ်တုန်းကများ ကောင်းကင်မှာ ပျံဝဲနေတာ တွေ့ဖူးလို့လဲ….”
ဆိုပြီး ၀ိုင်းပြောလည်းပြော၊ ဟားလည်း ဟားတိုက်ကြတာပေါ့။
အဲဒီလို ပတ်ဝန်းကျင်ရဲ့ ပြောစကားတွေကြောင့် လင်းယုန်ကလေးရဲ့ သူ့ကိုယ်သူ ကြက်တစ်ကောင်အဖြစ်က မပိုလောက်ပါဘူးဆိုတဲ့ ထင်မြင်ချက်ဟာ ပိုပြီး ခိုင်မာသွားခဲ့သလို သူ့မိဘတွေအပေါ်မှာထားတဲ့ အိပ်မက်လေးဟာလဲ သူ့ရဲ့လက်တွေ့ဘ၀မှာ အကောင်အထည်မဖော်နိုင်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့ပါသတဲ့။ ဒီလိုနဲ့ပဲ လင်းယုန်ကလေးဟာ လင်းယုန်တစ်ကောင်အဖြစ် ကောင်းကင်အပေါ်မှာ ပျံဝဲဖို့ဆိုတဲ့ သူ့ရဲ့အိပ်မက်ကိုမေ့ဖျောက်ပြီး အသက်ထက်ဆုံး ကြက်တစ်ကောင်အဖြစ်နဲ့ပဲ နေထိုင်သွားခဲ့ပါတယ်။
နှုတ်ကပတ်တော်သမ္မကျမ်းစာထဲမှာ ယုံကြည်ခြင်းဆိုတာ ကြားနာခြင်းကနေ အရင်လာတယ်...ဒီနေ့ကျွန်တော်တို့အသက်တာ ဘုရားစကားကိုများများနားထောင်ရင် ဘုရားသခင်ရဲ့အကြံအစည်တော်နဲ့ ရည်ရွှယ်ချက်တွေကိုသိမြင်လာမယ်...ဘုရားသခင်က ကျွန်တော်တို့ကို အဓိပ္ပါယ်မဲ့စွာနဲ့ဖန်ဆင်းထားတာ မဟုတ်ပါဘူး.. ကျွန်တော်တို့ကိုအဓိပ္ပါယ်မဲ့သွားအောင် လမ်းလွဲသွားအောင် ဆုံးရှုံးသွားအောင်လုပ်နေတာက စာတန် ပဲဖြစ်တယ်.. ကျွန်တော်တို့ နားထဲကနေ အသိထဲ နှလုံးသားထဲကို သံသယစိတ်တွေ တွေဝေစိတ်တွေ. အရှုံးပေးချင်စိတ်တွေ ပေးနေတာ စာတန်ပဲဖြစ်တယ်... မိတ်ဆွေ ဘုရားစကားကို နားထောင်ဖို့ ခံယူဖို့အချိန်ပေးလိုက်ပါ  .... ဘုရားသခင်ရဲ့အလိုတော်နဲ့အညီ လောကရဲ့အလင်း လောကရဲ့ဆား အဖြစ်နဲ့အသက်ရှင်ရအောင်
ကျနော်တို့ရဲ့ လက်တွေ့ဘ၀မှာလဲ မြင့်မားစွာ ပျံသန်းဖို့ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်တွေ၊ လက်ရှိရောက်နေတဲ့အဆင့်ထက် ပိုပြီးမြင့်မားအောင် ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ၊ Rites and Rituals တွေရဲ့ အောက်ကနေ ရုန်းထွက်ချင်တဲ့ စိတ်ဓာတ်တွေ ကိုယ်စီရှိကြပါလိမ့်မယ်။ ဒါပေမဲ့ လင်းယုန်ငှက်ကလေးဟာ သူများစကားနဲ့ လမ်းဆုံးသွားရသလိုမျိုး ကျနော်တို့ရဲ့ နေ့စဉ်ဘ၀မှာလည်း အစဉ်အလာဓလေ့ထုံးစံတွေ၊ ကိုယ့်ကျင်လည်ရာ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေ၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် နောက်ဆုံးတော့ သူတပါးစကားလုံးတွေ အောက်မှာပဲ လမ်းဆုံးသွားကြတဲ့ အဖြစ်အပျက်တွေလည်း မျက်မှောက်အနေအထားမှာ ဒုနဲ့ဒေးပင်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရှေ့ကအဖြစ်အပျက်တွေ၊ မှတ်သားစရာ သာဓကတွေကို နမူနာယူကာ ကိုယ့်အတွက် ရသင့်ရထိုက်တဲ့အရည်အချင်း၊ ရပိုင်ခွင့်တွေကို လက်မလွှတ်စတမ်း အသုံးချနိုင်ပြီး ကိုယ့်မှာရှိနေတဲ့ အမြင့်ပျံစိတ်ဓာတ်တွေ မွေးဖွားနိုင်ကြပါစေလို့…….။

ငါးမိနစ်လောက် အချိန်ပေးပြီးဖတ်ကြည့်လိုက်ပါ

5မီနစ်လောက် အချိန်ပေးပြီး ဖတ်ကြည့်လိုက်ပါ...။
 
အမေ့လက်များ

လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ ပထမ အင်တာဗျူး ဖြေဆိုအောင်မြင်သွားတာကြောင့် အခုဆို နောက်ဆုံးအဆင့် အင်တာဗျူးအတွက် ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။


ဒါရိုက်တာလုပ်သူက လူငယ်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ကြည့်လိုက်တဲ့အခါ ပညာရေးအဆင့် အောင်မြင်မှုမှာ ထိပ်တန်းဖြစ်နေတာကို တွေ့ရပါတယ်။ ဒါနဲ့ လူငယ်ကို
“ ညီလေး ကျောင်းမှာ ပညာသင်ဆု မလျှောက်ခဲ့ဘူးလား ” လို့မေးပါတယ်။
“ မလျှောက်ခဲ့ဘူးဗျ ”
“ ဒါဆို ကျောင်းစရိတ်တွေကို ညီလေးအဖေက တော်တော်ထောက်ပံ့ပေးခဲ့ရမှာပေါ့ ”
လူငယ်ခေါင်းခါပါတယ်။
“မဟုတ်ဘူးဗျ။ ကျနော်အဖေက ကျနော် တစ်နှစ်သားလောက်မှာ ဆုံးသွားတာ။ ကျနော့် ကျောင်းစရိတ်တွေ ထောက်ပံ့ပေးခဲ့တာ ကျနော့်အမေပါ ”
“ ဒါဆို ညီလေးအမေက ဘာအလုပ်လုပ်တာလဲ ”
“ အမေက ခ၀ါသည်ပါ ”

လူငယ်ရဲ့အဖြေကိုကြားတော့ ဒါရိုက်တာဟာ လူငယ်ရဲ့လက်ကို သူ့အားခဏပြဖို့ တောင်းဆိုပါတယ်။ လူငယ်ဟာ ဒါရိုက်တာရဲ့ တောင်းဆိုမှုကို လက်ခံပြီး သူ့လက်တွေကို ဖြန့်ပြလိုက်တဲ့အခါမှာတော့ သိပ်ကိုနူးညံ့ချောမွေ့ပြီး လှပတဲ့ လက်တစ်စုံ ဖြစ်နေပါတယ်။
“ ညီလေး အမေ အ၀တ်တွေလျှော်တဲ့အခါ ညီလေး ကူလျှော်ပေးခဲ့ဖူးလား ”
“ ဟင့်အင်း... ကျနော် ဘယ်တော့မှ မလျှော်ပေးခဲ့ရပါဘူး..ဘာဖြစ်လို့လဲဆိုတော့ အမေက ကျနော့်ကို စာပဲ ကြိုးစားခိုင်းခဲ့တာ... ပြီးတော့ အမေအ၀တ်လျှော်တာ ကျနော့်ထက်ပိုမြန်တယ်လေ ”
“ သြော်... ဒါဆို အစ်ကို တစ်ခုလောက် တောင်းဆိုစရာရှိတယ်... ညီလေး အိမ်ပြန်ရောက်တဲ့အခါ အမေ့ဆီ သွားပြီး သူ့လက်တွေကို ဆေးကြောပေးနိုင်မလား... ပြီးရင် မနက်ဖြန် အစ်ကို့ကို ပြန်လာတွေ့ပါ ”
ို
လူငယ်ဟာ သူအလုပ်ရဖို့ ဒီအခွင့်အရေးဟာ အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒီတော့ သူအိမ်ပြန်ရောက်တဲ့အခါမှာ မိခင်ဆီသွားပြီး မိခင်ရဲ့လက်တွေ ဆေးကြောပေးချင်ကြောင်း ခွင့်တောင်းပါတယ်။ မိခင်လုပ်သူက သားရဲ့စကားဆန်းတွေကြောင့် အြံ့သ၀မ်းသာသွားပါတယ်။ စိတ်ခံစားမှုတွေ ရောပြွန်းနေရင်းနဲ့ သူမရဲ့လက်တွေကို သားရှေ့မှာ ထုတ်လိုက်ပါတယ်။

လူငယ်က မိခင်ရဲ့လက်တွေကို ဖြေးဖြေးချင်း ဆေးကြောပါပြီ။ အဲဒီအခိုက်မှာ သူ့မျက်ရည်တွေ စီးကျလို့လာပါတယ်။ မိခင်ရဲ့လက်တွေဟာ ဇရာကြောင့် တွန့်ရှုံ့ပျော့တွဲနေပြီး ဒဏ်ရာတွေ တော်တော်များများရှိနေတာကို ပထမဆုံးအကြိမ်အဖြစ် သူသတိထားမိသွားပါတယ်။ တချို့ဒဏ်ရာတွေဆို သူထိလိုက်တာနဲ့ မိခင်က တွန့်ခနဲ ဖြစ် ဖြစ် သွားတဲ့အထိ နာကျင်နေတာဖြစ်ပါတယ်။

ဒီလက်တွေဟာ သူ့ကျောင်းစရိတ်တွေကို ပေးချေနိုင်ဖို့ နိစ္စဓူဝ အ၀တ်တွေလျှော်လာခဲ့တဲ့ လက်တစ်စုံပါလားဆိုတဲ့အသိကို သူခံစားမိတာ ဒါ ပထမဦးဆုံးပါပဲ။ မိခင်ရဲ့လက်က ဒဏ်ရာတွေဟာ သူ့ပညာရေးအတွက် သူ့ကျောင်းကိစ္စတွေအတွက် သူ့အနာဂတ်အတွက် လဲလှယ်ပေးဆပ်ခဲ့ရတဲ့ အဖိုးအခတွေပါပဲ။

လူငယ်ဟာ မိခင်ရဲ့လက်တွေကို ဆေးကြောပြီးတဲ့နောက်မှာ မိခင်လျှော်ဖို့ရှိနေတဲ့ အ၀တ်တွေအားလုံးကို နှုတ်ဆိတ်ငြိမ်သက်စွာ လျှော်ဖွတ်ပေးခဲ့ပါတယ်။

အဲဒီညမှာ သားအမိနှစ်ယောက် စကားလက်ဆုံကျရင်း အချိန်အတော်ကြာသွားပါတယ်။

နောက်တစ်နေ့မနက်မှာတော့ လူငယ်ဟာ ဒါရိုက်တာရုံးခန်းဆီ သွားပါတယ်။

ဒါရိုက်တာက
“ ညီလေး မနေ့က အိမ်မှာဘာတွေလုပ်ပြီး ဘာတွေသင်ယူခဲ့လဲဆိုတာ ပြောပြနိုင်မလား ” လို့ မေးတဲ့အခါ လူငယ်ရဲ့မျက်ဝန်းမှာ မျက်ရည်စတွေ တွဲခိုလို့နေပါတယ်။

“ အခုတော့ ဘယ်အရာကို တန်ဖိုးထား ကျေးဇူးတင်ရမယ်ဆိုတာ ကျနော်သိသွားပါပြီ... ကျနော့်အမေ မရှိဘဲနဲ့ ဒီကနေ့ ကျနော်ဆိုတာဖြစ်လာမှာမဟုတ်ပါဘူး... တစုံတရာ ပြီးမြောက်အောင်မြင်ဖို့ ဘယ်လောက်ထိ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ ကျနော့်အမေကို ကူညီရင်း အခုမှသိရတာပါ.... မိသားစုကို ကူညီထောက်ပံ့ခြင်းရဲ့ အရေးကြီးမှုနဲ့ အဖိုးအခကြီးမှုတွေကိုလည်း တန်ဖိုးထားသိမြင်လာရပါတယ် ”

လူငယ်ရဲ့အဖြေမှာ ဒါရိုက်တာက နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ပါတယ်။
“ ဒါဟာ အစ်ကိုလိုချင်တဲ့ မန်နေဂျာမှာရှိရမယ့် စိတ်နေသဘောထားပါပဲ... အစ်ကို အလုပ်ခန့်ချင်တာက တခြားလူတွေရဲ့ အကူအညီကို တန်ဖိုးထားတတ်တဲ့ လူမျိုး၊ အလုပ်ကိစ္စတွေ ပြီးမြောက်ဖို့ တခြားလူတွေရဲ့ အခက်အခဲကိုလည်း မြင်အောင်ကြည့်တတ်တဲ့
လူမျိုး၊ ငွေကို ဘ၀ရဲ့ပန်းတိုင်လို သဘောမထားတတ်တဲ့လူမျိုးပါ... ညီလေးကို အလုပ်ခန့်လိုက်ပါပြီ ”

လူငယ် အလုပ်ရသွားပြီး အလုပ်ကိုလည်း အင်မတန်ကြိုးစားခဲ့ပါတယ်။ သူနဲ့တွဲဖက်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှုကိုလည်း ရရှိခဲ့ပါတယ်။ လူငယ်ရဲ့ ၀န်ထမ်းတွေအားလုံးကလည်း စည်းလုံးတဲ့အဖွဲ့တစ်ဖွဲ့အဖြစ် အလုပ်ကို ၀ီရီယထား ကြိုးစားကြတယ်။ ရလဒ်အဖြစ် ကုမ္ပဏီရဲ့တိုးတက်မှုတွေဟာ အံ့မခန်းဖြစ်လာတော့တာပါပဲ။

ဖြစ်ရပ်ကလေးက ဒါပါပဲ။

ဘာပဲလိုလို အမြဲတမ်းရပြီး အလိုလိုက် အကာအကွယ်ပေးခံနေရတဲ့ ကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဗဟိုပြုစဉ်းစားတဲ့ အတ္တစိတ်တွေ ဖွံ့ဖြိုးလာတတ်တယ်။ သူ့ကိုယ်သူ အမြဲရှေ့တန်းတင်လာတတ်တယ်။ သူ့နောက်ကနေ ထောက်ပံ့နေတဲ့ မိသားစုရဲ့ ကြိုးစားအားထုတ်မှုတွေကို မျက်ကွယ်ပြုလာတတ်တယ်။ သူအလုပ်လုပ်တဲ့အခါ သူ့စကားကို အမြဲတမ်းနားထောင်ရမယ်ဆိုတာမျိုး ဖြစ်လာတတ်တယ်။ သူ မန်နေဂျာဖြစ်လာတဲ့အခါ သူ့လက်အောက်ဝန်ထမ်းတွေရဲ့ အခက်အခဲ ဒုက္ခတွေကို စာနာ နားလည်ပေးလိမ့်မှာ မဟုတ်ဘဲ အမြဲတမ်း ဆူပူကြိမ်းမောင်းနေပါလိမ့်မယ်။ အဲဒီလို လူမျိုးတွေဟာ ပညာရေးအရတော့ ထူးချွန်ကောင်း ထူးချွန်ကြပါလိမ့်မယ်။ ဘ၀မှာ ခဏတဖြုတ် အောင်မြင်ကောင်း အောင်မြင်နိုင်ကြလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အောင်မြင်မှုရဲ့ အဓိပ္ပါယ်ကို ခံစားနားလည်ရမှာ မဟုတ်ပါဘူး။ သူတို့ဟာ ပိုမိုတဲ့ လိုချင်မှုတွေအတွက် မကျေမနပ်နဲ့ မြည်တွန်းတောက်တီးနေကြမယ်။ အမုန်းတရားတွေနဲ့ ဖုံးလွှမ်းနေကြမယ်။ ကတောက်ကဆ စကားများရန်ဖြစ်နေကြမယ်။ ကဲ ဒီလိုဆို ကျနော်တို့ဟာ ကလေးတွေကို စိတ်တိုင်းကျ အလိုလိုက်ပြီး အမြဲကာကွယ်ပေးနေတတ်တဲ့ မိဘတွေဖြစ်နေရင် ဒါဟာ သူတို့ကို တကယ်ချစ်ရာရောက်သလား.... ဒါမှမဟုတ် အဲဒီအစား ကိုယ့်ကလေးကိုယ် ဖျက်ဆီးနေကြတာများလား ? ? ?

သင်ဟာ သင့်ကလေးကို အိမ်ကောင်းရာကောင်းနဲ့ နေခွင့်ပြုနိုင်တယ်။ စားကောင်းသောက်ဖွယ်တွေ ကျွေးနိုင်တယ်။ စန္ဒရားတီးတတ်အောင် သင်ပေးနိုင်တယ်။ ကြီးမားတဲ့ ဖန်သားပြင်ရှိတဲ့ ရုပ်မြင်သံကြားစက်တွေကြည့်ခိုင်းနိုင်တယ်။ ဒါပေမဲ့ သင့်အိမ်ခြံဝင်းထဲက မြက်တွေ ရိတ်ဖြတ်တဲ့အခါ သူတို့ကိုလည်း အဲဒီအတွေ့အကြုံနဲ့ ထိတွေ့ခွင့်ပေးပါ။ ထမင်းစားပြီးတဲ့အခါမှာ စားပြီးသား အိုးခွက်ပန်ကန်းတွေဆေးဖို့ သူတို့အစ်ကိုအစ်မတွေနဲ့အတူ ၀ိုင်းဝန်းလုပ်ခွင့်ပေးပါ။ ဒါက အိမ်ဖော်ငှားဖို့ ပိုက်ဆံမရှိလို့ ဒီလိုလုပ်ရတာမဟုတ်ပါဘူး။ သင်က သူတို့ကို သင့်မြတ် မှန်ကန်တဲ့နည်းနဲ့ ချစ်ရာရောက်အောင်လို့ပါ။ မိဘတွေ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ.. တစ်နေ့မှာ အထက်ပါ ဖြစ်ရပ်ထဲက မိခင်လိုပဲ မိဘတွေဟာ ဆံပင်တွေဖြူ အိုမင်းရင့်ရော်သွားမယ်ဆိုတာ သင့်ကလေးတွေကို နားလည်စေရပါမယ်။ အရေးကြီးဆုံးကတော့ စွန့်လွှတ်ပေးဆပ်ရမှုတွေကို ဘယ်လိုတန်ဖိုးထားရမယ်... အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားရမယ်... ပြီးတော့ အရာကိစ္စတွေ ပြီးမြောက်အောင်မြင်ဖို့ အခြားလူတွေနဲ့ တွဲဖက်လုပ်ကိုင်တဲ့အခါ လိုအပ်တဲ့စွမ်းရည်တွေကို သင့်ကလေး သင်ယူတတ်မြောက်ဖို့ပါပဲ။

ဘ၀ ဆိုတာ ဘုရားပေးတဲ့ ကော်ဖီခွက်ကလေးပါ

တစ်နေ့ တော့ လုပ်ငန်းခွင်အသီးသီးမှာ အောင်မြင်နေပြီဖြစ်တဲ့ ကျောင်းသားဟောင်းတစ်စုဟာ သူတို့     ရဲ့ ပါမောက္ခဟောင်းဆီကို အလည်သွားကြတယ်။ စကားတွေအများကြီးပြောနေရင်းနဲ့  သူတို့ ရဲ့ စကားက လုပ်ငန်းခွင်က စိတ်ဖိစီးမှုအကြောင်းတွေ ဘ၀အကြောင်းတွေ ဆီကို ရောက်သွားတယ်။
ပါမောက္ခကြီးကလည်း သူ့ တပည့်တွေကို ကော်ဖီနဲ့  ဧည့်ဝတ်ပြုဖို့ အတွက် မီးဖိုချောင်ကို ၀င်သွားတယ်။ ပါမောက္ခကြီး မီးဖိုချောင်ကနေ ပြန်ထွက်လာတဲ့အခါမှာတော့ ကော်ဖီအိုးကြီးတစ်အိုးနဲ့  သောက်စရာခွက်တွေကိုယူလာတယ်။ ကြွေခွက်၊ ဖန်ခွက်၊ ပလတ်စတစ်ခွက်၊ သလင်းခွက်၊ တန်ဖိုးကြီးခွက်၊ ရိုးရိုးခွက်၊ ရှေးဟောင်းခွက် စသဖြင့် ခွက်အစုံယူလာပြီးတော့ ကော်ဖီယူသောက်ကြဖို့ ဧည့်ဝတ်ပြုတယ်။
ပါမောက္ခကြီးက သ...ူ့ ရဲ့  တပည့်ဟောင်းတွေရဲ့ လက်ထဲကို ကော်ဖီခွက်ရောက်သွားတာနဲ့  မင်း             တို့ တွေသတိထားမိလား၊ ခွက်အကောင်းစားတွေ၊ တန်ဖိုးကြီးခွက်တွေကိုပဲ ယူကြပြီး တန်ဖိုးနည်းတဲ့ ရိုးရိုးခွက်တွေကတော့ ကျန်ခဲ့တာကိုလေ။ ကိုယ့်အတွက်ကိုပဲ အကောင်းဆုံးကို လိုချင်တဲ့သဘာဝက မင်းတို့ တွေရဲ့  ပြဿနာနဲ့ စိတ်ဖိစည်းမှုရဲ့  ဇစ်မြစ်ပဲ။
ဒီခွက်တွေက မင်းတို့ သောက်နေတဲ့ကော်ဖီကို ပိုပြီးကောင်းအောင်လုပ်ပေးနေတာ မဟုတ်ဘူးဆိုတာကို သေချာမှတ်ထားပါ။ ဒီတန်ဖိုးကြီးတဲ့ ခွက်တွေက ကိုယ်ဘာကို သောက်နေလဲဆိုတာကိုတောင် ပိုပြီးမေ့လျော့စေတယ်။ မင်းတို့ တွေအတွက် လိုအပ်တာက ကော်ဖီပါ။ ခွက်တွေမဟုတ်ပါဘူး။ ဒါပေမယ့် မင်းတို့ တွေက အကောင်းဆုံးသော ခွက်ကိုမှ ရွေးချယ်ခဲ့ကြတယ်။ ပြီးတော့ သူများက ဘာခွက်             နဲ့ များသောက်နေမလဲဆိုပြီးတော့ လိုက်ကြည့်နေကြတယ်။
မင်းတို့ တွေတွေးကြည့်လိုက်ပါ။ ဘ၀ဆိုတာ ကော်ဖီတစ်ခွက်လိုပါပဲ။ မင်းတို့ ရဲ့ အလုပ်အကိုင်တွေ၊ ပတ်   ၀န်းကျင်တွေ၊ ငွေတွေ၊ ရာထူးတွေက ခွက်တွေပဲ။ အဲဒီအရာတွေက ဒီဘ၀ကို ပံ့ပိုးပေးတာတွေပဲ။ ဒါပေမယ့် ဘယ်ခွက်နဲ့ သောက်နေတာက မင်းတို့ ဘ၀ရဲ့ အနှစ်သာရကို ပြောင်းလဲပေးနိုင်တာမဟုတ်ပါဘူး။
တစ်ခါတစ်လေမှာ ကော်ဖီခွက်ကိုပဲ အာရုံစိုက်နေတဲ့အတွက် ငါတို့ တွေဟာ ဘုရားပေးတဲ့ကော်ဖီအရသာကို ခံစားဖို့ အတွက် မေ့လျော့နေတတ်တယ်။ ဘုရားပေးတာက ကော်ဖီပါ။ ခွက်တွေကိုမဟုတ်ပါဘူး။ ကဲ ကော်ဖီအရသာကို ခံစားလိုက်ကြပါစို့ ။
အပျော်ရွှင်ဆုံးလူတွေဆီမှာ အကောင်းဆုံးတွေချည်းပဲ ရှိနေတာမဟုတ်ပါဘူး။ ရှိတဲ့အရာအားလုံးကို အကောင်းဆုံးလုပ်ဆောင်နေခြင်းသာဖြစ်တယ်။
ရိုးရိုးလေးအသက်ရှင်ပါ။ ရက်ရောတဲ့ မေတ္တာစိတ်ထားပါ။ လေးလေးနက်နက် ဂရုထားပါ။ ချိုချိုသာသာ ပြောဆိုဆက်ဆံပါ။ ကျန်တဲ့ဘ၀တခုလုံးကိုတော့ ဘုရားရှင်လက်ထဲကို အပ်နှံပါ။

 

Sunday, April 21, 2013

ကြာတော့ကြာခဲ့ပါပြီ..ဒါပေမဲ့ မနေ့တနေ့ကလိုပြန်အမှတ်ယမိတယ်

ဘုရားသခင်သည် အချိန်တိုင်းမှာကောင်းမြတ်ပါတယ်.. လွန်ခဲ့တဲ့အချိန်မှာလည်းကောင်းမြတ်တယ် ဒီကနေ့လည်းကောင်းမြတ်တယ်.. မနက်ဖြန်တိုင်းမှာလည်း ကောင်းမြတ်သောဘုရားရှင်ဖြစ်ပါတယ်

အသက်ရှင်သော နှုတ်ကပတ်တော်

ခရစ်တော်အားဖြင့်သာ ကျေးဇူးတော်ကို ရေတွက်နိုင်လာ ရွှင်လန်းဝမ်းမြောက်ခြင်းတွေနဲ့ တနေ့ကိုယ်တော်ထံ တိုးဝင်မှာ အရာခပ်သိမ်းမှာ ကိုယ်တော်ဘုရား၏ကျေးဇူးတော်သက်သက်သာ

Saturday, April 20, 2013

သင့်နှင့်ကျွန်ုပ်ကို အသက်ပေးပြီးချစ်နိုင်တာ ယေရှုခရစ်တော်ပါ

အပြစ်ကင်းလို့ချစ်တာမဟုတ်ပါဘူး...အပြစ်ရှိမှန်းသိရက်နဲ့ ချစ်ခဲ့တာပါ
အားနည်းချက်တွေကင်းလို့ ချစ်ခဲ့တာမဟုတ်ပါဘူး... အားနည်းချက်တွေများစွာရှိမှန်းသိရက်နဲ့ ချစ်ခဲ့တာပါ
ယုံကြည်ခြင်းအားကြီးလို့ချစ်ခဲ့တာမဟုတ်ပါဘူး.. တစက်ကလေးမှ ယုံကြည်မှုမရှိမှန်းသိရက်နဲ့ချစ်ခဲ့တာပါ
ပေးလှူနေလို့ချစ်တာမဟုတ်ပါဘူး.. မလှူခင်ကတည်းက ချစ်ခဲ့တာပါ
အသက်ပေးပြီးချစ်ခဲ့တာပါ.. အသွေးသွန်းပြီးချစ်ခဲ့တာပါ...

Friday, April 12, 2013

သမီးငယ် မူးဝါးဆဲ ဂုဏ်တော်ချီးမွမ်းနေခြင်း

သမီးငယ် မူးဝါးဆဲ ဂုဏ်တော်ချီးမွမ်းနေခြင်းဖြစ်ပါတယ်...

Thursday, April 11, 2013

သင်ထမ်းရသော ကားတိုင်လေးသလား

 သခင်ခရစ်တော်က ကိုယ်ပိုင်လက်ဝါးကားတိုင်ထမ်းပြီး ငါ့နောက်သို့လိုက်ပါလို့ သွန်သင်ထားပါတယ်...
ကားတိုင်ဆိုတာ ဒီနေရာမှာ တာဝန်ဖြစ်တယ်..ဒီတာဝန်ဟာ အသက်နဲ့အမျှအရေးကြီးသော တာဝန် ဖြစ်တယ်..ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းကို ခံစားရသောယုံကြည်သူတိုင်းဟာ တာဝန်ရှိပါတယ်...ဒီနေ့ အထက်ပါဇတ်လမ်းလေးကို ကြည့်ပြီး သင့်အသက်တာကို တည်ဆောက်လိုက်ပါ

Monday, April 8, 2013

ကျေးဇူးတော်၌တည်သောအသင်းတော်

အသင်းတော်ဆိုတာ ဘုရားဘုန်းတော်ထင်ရှားဖို့ပါ..
အသင်းတော်ရဲ့တာဝန်က လောကီသားတွေကိုဘုရားမေတ္တာဝေငှဖို့ဖြစ်သလို၊
 အသင်းသူ/အသင်းသားများရဲ့ဝိညာဉ်ရေးရာရင့်ကျက်ဖို့
 သွန်သင်ပေးခြင်းနဲ့အရေးအကြီးဆုံးကတော့ အသင်းတော်ဆိုတာ
ထာဝရဘုရားကိုဝတ်ပြုချီးမွမ်းကိုးကွယ်ရာလည်းဖြစ်ပါတယ်.

Friday, April 5, 2013

အီစတာနေ့လူငယ်များချီးမွမ်းစဉ်

အီစတာ ဆန်းဒေး နေ့က လူငယ်များ ချီးမွမ်းခဲ့သော သီချင်းဖြစ်ပါတယ်
ဒီကနေ့ကျွန်တော်တို့ကိုးကွယ်သော ခရစ်တော်သည် သေခြင်းကိုအောင်မြင်သောကြောင့်ဘုရားဖြစ်သွားခြင်းမဟုတ်ပါ
ဘုရားစင်စစ် ဖြစ်သောကြောင့် သေခြင်းကိုအောင်မြင်ခြင်းတာဖြစ်ပါတယ်
ခရစ်တော်က ဘုရားဖြစ်ဖို့ကျင့်ခဲ့သောပုဂ္ဂိုလ်မဟုတ်ပါ.. ကျင့်စဉ်အောင်မြင်လို့ ဘုရားဖြစ်သွားခြင်းမဟုတ်ပါ
ကနဦးကပင် ဘုရားဖြစ်သောကြောင့် ကျင့်စရာမလိုအောင် စုံလင်ခြင်းနှင့်ပြည့်ဝသောအရှင်ဖြစ်ပါတယ် ထိုအရှင်သည် ထာဝရဘုန်းကြီးသောဘုရားရှင်ဖြစ်ပါတယ် (အာမင်)

Rev.Dr David Shin sermon

ဆရာကြီး ဒေါက်တာ ဦးဒေးဗစ်ရှင်းက ထိုင်းနိုင်ငံအတွင်းရှိ ကျေးဇူးတော်သာသနာ မြန်မာအသင်းတော်များကို ဘုရားသခင်ပေးသောရူပါရုံအားဖြင့်အစပြုတည်ခဲ့သော ကိုးရီးယားလူမျိုးသာသနာပြုဆရာဖြစ်ပါတယ်.. ယနေ့ထိုင်းနိုင်ငံအတွင်းကျေးဇူးတော်သာသနာ၏ ကျေးဇူးတော်အသင်းတော်များ သည် (၃၆)ပါးရှိပါသည်။ ထိုအထဲတွင်ချင်းရိုင်းအသင်းတော်လည်း တပါးအပါအ၀င်ဖြစ်ပါသည်။