နားစဉ်ကြည့်လိုက်ပါ ..နည်းနည်းတော့ ရီလိုက်ရမယ်..သီချင်းလေးကောင်းပါတယ် သေချာမကျင့်ထားမိတာ လေးတခုလိုသွားပါတယ်
Friday, January 25, 2013
နှစ်သိမ်ဆု ရခဲ့တဲ့အဖွဲပါ
ဒီသီချင်းလေးကို ကိုရှမွေလ ရေးစပ်ထားပြီး သူနဲ့အတူ သူ့အဖွဲ့သားတွေဝင်ရောက်ယှဉ်ပြိုင်ပါတယ်
နားစဉ်ကြည့်လိုက်ပါ ..နည်းနည်းတော့ ရီလိုက်ရမယ်..သီချင်းလေးကောင်းပါတယ် သေချာမကျင့်ထားမိတာ လေးတခုလိုသွားပါတယ်
နားစဉ်ကြည့်လိုက်ပါ ..နည်းနည်းတော့ ရီလိုက်ရမယ်..သီချင်းလေးကောင်းပါတယ် သေချာမကျင့်ထားမိတာ လေးတခုလိုသွားပါတယ်
Wednesday, January 23, 2013
အရှုံးဆိုတာ ပန်းတိုင်ရောက်ဖို့ လှေခါးထစ်တွေပါ
ပန်းတိုင်ကိုရောက်ဖို့ ကြိုးစားရင်း အခက်အခဲတွေ အတားအဆီးတွေကြောင့်စိတ်ဓါတ်ကျနေလား
အရှုံးပေးဖို့ ပြင်နေပြီလား၊ခြေကုန်လက်ပမ်းကြပြီး အရုပ်ကြိုးပြတ်သလိုဖြစ်နေပြီလား...အရှုံး အနိုင်ဆိုတာ ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်.. ကိုယ်အရှုံးမပေးသရွှေ့ ဘယ်သူမှ ကျွန်တော်တို့ကိုမနိုင်ပါဘူး။ အထူးသဖြင့် ယုံကြည်သူရဲ့အသက်တာမှာ ကျွန်တော်တို့ဘက်မှာရှိတဲ့သူဟာ လောကဘက်မှာ ရှိတဲ့သူတွေအားလုံးထက် သာ၍ကြီးသောဘုရားသခင်ဖြစ်တယ်ဆိုတာကို ယုံကြည်ပြီးအနိုင်ယူဖို့ဖြစ်တယ်..
အောင်မြင်ဖို့ဖြစ်တယ်။ ခရစ်တော်ကိုသာယုံကြည်အားကိုးမယ်ဆိုရင် သုည ဘ၀လေးက ။သူရဲကောင်းဖြစ်နိုင်တယ်။ ခရစ်တော်မပါရင်တော့Hero ကြီးကလည်းZero လေးဘ၀ရောက်သွားနိုင်တယ်..
ဒါဝိဒ်နဲ့ဂေါလျှက်လိုပေါ့...စိတ်ဓါတ်မကျပါနဲ့ ...အားယူရဲရင့်ပါ။အရာရာကို နှုတ်ကပတ်တော်နဲ့သင်ယူပြီး နှလုံးသားနဲ့ခံစားကြည့်လိုက်ပါ အောင်မြင်မှုကို ခရစ်တော်ပေးမှာပါ
ဒီဇတ်လမ်းလေးထဲက သင်ခန်းစာယူလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်

စစ်မှန်သောငြိမ်သက်ခြင်းကို ရရှိစေဖို့
နေ့တဓူဝ အသက်ရှင်နေကြတဲ့လူသားတွေဟာ အပြင်ပမ်းကတက်ကြွလန်းဆန်းဖြတ်လတ်နေတယ်
လို့အသွင်ဆောင်ထားပေမဲ့ တကယ့်အတွင်းနှလုံးသားကတော့ ခက်ခဲခြင်း၊ကြမ်းတမ်းခြင်။ဆာလောင်ငတ်မွတ်နေခြင်း၊ပြိုင်ဆိုင်လိုစိတ်ပြင်းပြခြင်း၊အဖြေရှာမရခြင်း၊
ေ၀၀ါးထွေပြားနေပြီး၊အမှားအမှန်မပိုင်းခြားနိုင်တော့ခြင်း၊ရှုံးနိမ့်ခြင်း၊စိတ်ဓါတ်ကျခြင်း၊ဆိုတဲ့ခေါင်းစဉ်ပေါင်း
များစွာနဲ့ဝန်လေးနေတဲ့သူတွေပါ။တနေ့တနေ့ရုန်းကန်နေရတာကြောင့် ပင်ပန်းနေတဲ့သင့်နှလုံးသားကို အသစ်သော နှလုံးသားဖြစ်စေဖို့၊ ကျေးဇူးတော်နဲ့ရွှင်လန်းပေါ့ပါးသောအသက်တာဖြစ်စေဖို့ တတ်စွမ်းနိုင်တဲ့ တရားက ကားတိုင်တရားပဲဖြစ်ပါတယ်...၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့ငါ့ထံသို့လာကြလော့ ၊ငါသည်ချမ်းသာပေးမည်ဆိုတဲ့ခရစ်တော်ရဲနှုတ်ကပတ်တော်ကို အမှီပြုပြီးဝန်ထုပ်အားလုံ့းကို ကိုယ်တော်၌အပ်နှံကြည့်ပါ။သင်မသိမမှီနိုင်သော နည်းလမ်းဖြင့်ခရစ်တော်လမ်းပြပို့ဆောင်မှာဖြစ်ပါတယ်

တပါးတည်းသောသားတော်ကို စွန့်သည့်တိုင်
တခါက မီးရထားဝန်ထမ်းတဦးရှိတယ်.. သူ့မှာ သူအလွန်ချစ်ရတဲ့ တဦးတည်းသောသားလေးတယောက်ရှိတယ်..သူ့သားလေးက သူ့အဖေ ရဲ့အလုပ်ကိုလိုက်လာပြီ ရထား သွားနေတာကို လိုက်ကြည့်တတ်တယ်..တနေ့သာား လေးဟာ သူ့အဖေနဲ့လိုက်လာတယ်.. ရထားကြီး လာနေပါပြီ..အဲ့ဒီရထားပေါ်မှာ ပါလာတဲ့ခရီးသည်တွေက အစုံပါ ..အတ္တသမားတွေ၊အပျော်ကြူးသူတွေ၊တကိုယ်ကောင်းဆန်သူတွေ၊ဟန်ဆောင်သူတွေ၊
မှုးယဇ်သူတွေ၊ဒုစရိုက်သမားတွေကိုသယ်ဆောင်လာတဲ့ရထားကြီးဟာ ဘူတာနဲ့နီးကပ်လာပါပြီး၊
ဝန်ထမ်းလုပ်သားကြီးရဲ့တာဝန်ကတော့ အရှိန်ပြင်းစွာနဲ့လာနေတဲ့ရထားကြီး ကို တံတားကြီးကျိုးနေတဲ့ဘက် မရောက်အောင် အချိန်မှီလမ်းပြောင်းပေးရမှာဖြစ်တယ်..ဒီအချိန်မှာပဲ ခလုပ်က ဂျမ်းဖြစ်နေပြီး လမ်းကြောင်းမပြောင်းဖြစ်နေတယ်။ဒါကိုမြင်နေတဲ့သား က အဖေ့ကိုကူပြီး ရထားပေါ်က ခရီးသည်တွေကိုကယ်ဖို့ ရထားလမ်းအောက်မှာဂျမ်းဖြစ်နေတဲ့ ခလုပ်ကိုပြေးဆွဲရင်း အရှိန်မထိန်းနိုင်ဘဲ ကလေးလည်း အထဲကိုကျသွားတယ် ..ဒီအဖြစ်ကိုမြင်လိုက်တဲ့ ဖခင်က သားကို ပြေးကယ်မယ်လုပ်တော့ ရထားက ဘူတာဝင်တော့မယ်။။ ရထားကို လမ်းကောင်းဘက်မပြောင်းရင်သားငယ်လေးတော့ အသက်လွတ်မယ်. ရထားပေါ်မှာ ပါလာတဲ့သူ အားလုံးတော့ ချောက်ထဲကျမယ်.. ခရီးသည်တွေ ကို ကယ် ရင် တဦးတည်းသော သားလေး ရထားကြိတ် ခံရမယ်.. ဒါပေမဲ့ ဖခင်ဟာ ခရီးသည်တွေကို ကယ်ခဲ့ပါတယ်။။။
တဥိးတည်းသော သားကိုစွန့်ပြီး ခရီးသည်တွေကို ကယ်ခဲ့ပါတယ်... ဒါပေမဲ့ ဒီလုပ်သား ဖခင်ကြီးရဲ့ တဦးတည်းသောသားကိုစွန့်ပြီး ကယ်တင်လိုက်တဲ့လုပ်ရက်ကို ရထားပေါ်ကလူတွေ မသိဘူး၊ ဒီလုပ်သားကြီးကျတဲ့မျက်ရည်ကို နားမလည်နိုင်၊တန်ဖိုးမထားနိုင်ခဲ့ဘူး။။။ ဒီနေ့ကျွန်တော်တို့က ရထားပေါ်က ခရီးသွားဧည့်သည်တွေပါ။ ဘုရားသခင်က တပါးတည်းသောသားတော်ကိုစွန့်ပြီး ကျွန်တော်တို့ကိုကယ်တင်ခဲ့ပါတယ်။။ဒါလေးကိုကြည့်ပြီး သင့်အသက်တာကို ခရစ်တော်ထံ အပ် နှံလိုက်ပါလို့တိုက်တွန်းလိုက်ပါတယ်
မှုးယဇ်သူတွေ၊ဒုစရိုက်သမားတွေကိုသယ်ဆောင်လာတဲ့ရထားကြီးဟာ ဘူတာနဲ့နီးကပ်လာပါပြီး၊
ဝန်ထမ်းလုပ်သားကြီးရဲ့တာဝန်ကတော့ အရှိန်ပြင်းစွာနဲ့လာနေတဲ့ရထားကြီး ကို တံတားကြီးကျိုးနေတဲ့ဘက် မရောက်အောင် အချိန်မှီလမ်းပြောင်းပေးရမှာဖြစ်တယ်..ဒီအချိန်မှာပဲ ခလုပ်က ဂျမ်းဖြစ်နေပြီး လမ်းကြောင်းမပြောင်းဖြစ်နေတယ်။ဒါကိုမြင်နေတဲ့သား က အဖေ့ကိုကူပြီး ရထားပေါ်က ခရီးသည်တွေကိုကယ်ဖို့ ရထားလမ်းအောက်မှာဂျမ်းဖြစ်နေတဲ့ ခလုပ်ကိုပြေးဆွဲရင်း အရှိန်မထိန်းနိုင်ဘဲ ကလေးလည်း အထဲကိုကျသွားတယ် ..ဒီအဖြစ်ကိုမြင်လိုက်တဲ့ ဖခင်က သားကို ပြေးကယ်မယ်လုပ်တော့ ရထားက ဘူတာဝင်တော့မယ်။။ ရထားကို လမ်းကောင်းဘက်မပြောင်းရင်သားငယ်လေးတော့ အသက်လွတ်မယ်. ရထားပေါ်မှာ ပါလာတဲ့သူ အားလုံးတော့ ချောက်ထဲကျမယ်.. ခရီးသည်တွေ ကို ကယ် ရင် တဦးတည်းသော သားလေး ရထားကြိတ် ခံရမယ်.. ဒါပေမဲ့ ဖခင်ဟာ ခရီးသည်တွေကို ကယ်ခဲ့ပါတယ်။။။
မိတ်ဆွေ သင့်ဖခင်ရဲ့ချစ်ခြင်းမေတ္တာကိုသင့်ပြန်ရေတွက်ဖို့ပါ
သင့်ရဲ့ယုံကြည်ခြင်းကိုထူးခြားစေလိမ့်မယ်လို့ယုံကြည်ပါတယ်
ဒီ ဇတ်လမ်းလေးကိုကြည့်ဖြစ်အောင်ကြည့်လိုက်ပါ သင့်အတွက်ထူးခြားတဲ့ ယုံကြည်သူအသက်တာကို မီးမောင်းထိုးပြနေတယ်ဆိုတာသင့်တွေ့ရမှာပါ
Sunday, January 20, 2013
တရားဒေသနာ (အပိုင်း၂)
Friday, January 18, 2013
Thursday, January 10, 2013
Wednesday, January 9, 2013
ပထမ ဆု
Subscribe to:
Comments (Atom)